နေတိုးက ပြင်ဦးလွင်မှာ ဒါရိုက်တာညီညီထွန်းလွင်၊ မင်းသမီးဖွေးဖွေးနဲ့ ရုပ်ရှင်တစ်ကားလာရောက်ရိုက်ကူး နေပါ တယ်။
အဲဒီကားမှာတော့ နေတိုးက သူတစ်ခါမှ သရုပ် မဆောင်ဖူးသေးတဲ့ မိတ်ကပ်အထူးပြုလုပ်သူ အနုပညာရှင် တစ်ဦးအဖြစ် သရုပ်ဆောင်ရတယ်လို့ သိရပါတယ်။ နေတိုးက သူ့အနေနဲ့ ဒီကာရိုက်တာအတွက် အများ ကြီး ပြင်ဆင် ရတာမရှိဘဲ သူ့မှာမိတ်ကပ်အထူးပြုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေရှိနေတာကြောင့် အပြင်မှာလည်း သူကမိတ်ကပ် အထူးပြုလုပ်ချက်တွေကို ဝါသနာပါ ကြောင်း ပြောပြပါတယ်။
ဒါနဲ့စကားမစပ် ဇန်နဝါရီ ၁ရက်နေ့ကစပြီး ဒီဗီဒီကားတွေ ရိုက်ခွင့် မပြုတော့ဘူးလို့ သိရတယ်။ အဲဒီကိစ္စက နေတိုးတို့အပေါ်မှာ ဘာတွေ ရိုက်ခတ်မှု ရှိမလဲ။
“အဓိက ကတော့ အစည်းအရုံးအနေ နဲ့ အတတ်နိုင်ဆုံး အခုဖြတ်သန်းနေတဲ့ အနုပညာထုတ်လုပ်မှုတွေ ကြားထဲမှာ အကောင်းဆုံးဖြစ်အောင်လို့ အကုန်လုံးကို လိုက်ဆွေးနွေးပြီးလုပ်ကြတာပဲ။ ဒီဗီဒီ ရိုက်ခွင့်မပေးတော့ဘူး ဆိုတာကလဲ ရုံတွေ နည်းလာတာလည်း တစ်ကြောင်းပါ။ ပြီးတော့ ရုပ်ရှင်တွေ ထုတ်လုပ်မှု ပိုများလာအောင် ပေါ့။ ဒီဗီဒီအစား ရုပ်ရှင်တွေထုတ် လုပ်မှုပိုလာမယ်ပေါ့။ ရုပ်ရှင်အတွက်ပြင်ဆင်တာ၊ စဉ်းစားတာပိုများ လာအောင် လို့ ထင်တယ်။ ဒီလိုမျိုး ဒီဗီဒီရိုက်ခွင့်မပေးဘူး ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့လို အနုပညာရှင်တွေဟာ ထိခိုက်နစ်နာမှုမျိုး မရှိပါဘူး။ အဓိကကတော့ ထုတ်လုပ်သူအပိုင်းကသာ အခက်အခဲ နည်းနည်းလေး ရှိနိုင်တယ်။တချို့ မင်းသားတွေမှာကျတော့ ဗီဒီယိုမှာ တကယ် စာချုပ် စာတမ်းနဲ့လုပ်တဲ့ မင်းသားတွေကျတော့ ရုပ်ရှင်ကားကြီးတို့၊ ဒီဗီဒီ တို့ပဲအပြင် ထွက်ရိုက်ခွင့် ရှိတယ်လေ။ တချို့ မင်းသားတွေကျတော့ ကားကြီး ရိုက်ဖို့ ကလည်းအဆင်မပြေဘူး။ ဗီဒီယို ရိုက်မရတဲ့ မင်းသားတွေ ကျတော့ နည်း နည်း အခက်အခဲရှိနိုင်တယ်လို့တော့ မြင်ပါတယ်”လို့ ပြောပါတယ်။
ဒါနဲ့ အကယ်ဒမီပွဲတုန်းက ကိုစိုးသူ ပွဲတက်လာတော့ မင်းသား၊ မင်းသမီး တချို့ ကိုစိုးသူနဲ့တွဲပြီး ဓာတ်ပုံရိုက်ထားတာတွေ တွေ့ရပါတယ်။ ကိုစိုးသူနဲ့တွဲပြီး ဓာတ်ပုံ ရိုက်ခဲ့သေးလားလို့ မေးတော့
“အကယ်ဒမီပွဲတုန်းက ကျွန်တော် ဝတ်စုံစီစဉ်တာ နောက်ကျနေတာနဲ့ ပွဲစခါနီးမှ ရောက်သွားတာကြောင့် ကိုစိုးသူနဲ့ မဆုံခဲ့ရဘူး။ ကျွန်တော်ကို ကိုစိုးသူရဲ့ “သိုး”၊ “ဒိုး” တို့ကို ကြိုက်ပါတယ်။ မကြီးစိုးနဲ့ကားတွေကို တော်တော် များများ ကြိုက်ပါတယ်” လို့ နေတိုး ကပြောပြပါတယ်။
၂ဝ၁၃ထဲမှာ ထွက်လာမယ့် သူ့ကားတွေကို နေတိုးက ရိုက်ကူးမှုပုံစံရော၊ တခြား အကြောင်းအရာတွေပါ ထဲထဲဝင်ဝင်လေ့လာပြီး ရိုက်ကူးထား တာကြောင့်ပရိသတ်တွေ ကြည့်ပြီး ဝေဖန် အကြံပေးပါဦး လို့လည်း ပြော ပါတယ်။ နေတိုးဆီကို ဟိုအရင်တုန်းက စာနဲ့ဝေဖန် အကြံပေးတာတွေ များပေမယ့် အခု နောက်ပိုင်းတော့ စာတွေအရင်လောက် သိပ်မလာတော့ဘဲ သူ့ဖေ့စ်ဘုတ်မှာပဲ ဝင်ရေးပြီး အကြံဥာဏ်ပေး ဝေဖန်ကြတယ်လို့ သိရပါ တယ်။
နေကွန်းထင်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဝန်ကြီးသမီးနှင့် အဆိုတော်ရဲလေး လက်ထပ်ပြီ Thursday, May 2, 2013 အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြ (သမ္မတရုံးဝန်ကြီး သမီး) နဲ့ ဖေဖော်ဝါရ
အဆင့်မြင့် ရုပ်ရှင်ရုံများ တည်ဆောက်လာတာ ကောင်းကြောင်း အကယ်ဒမီ ဝါဝါဝင်းရွှေပြော ရုပ်ရှင်ရုံ အရေအတွက် နည်းသွားပြီး အခုအချိန်မှာ ရုံများအစားထိုး တည်ဆောက်လာတဲ့ အပေါ်ထပ်ဆင့် နဲ့ တေ
မဟာစည်သာသနာ့ရိပ်သာတွင် မြန်မာ့ရိုးရာအတိုင်း ချစ်သူနှင့် မင်္ဂလာဆောင်သည့် အဆိုတော် ရဲလေး From : ..popular တေးသံရှင် ရဲလေး(ခေါ်) မောင်ရဲထွန်းမင်း နှင့် သူ၏ချစ်သူ မအေးမြအောင်တို့၏ မင်္ဂလာဧည
ဦးကျော်သူရဲ့ ကမ်းလက်ကြောင့် ဇာတ်ဆောင်အလုပ် စတင်ဖြစ်တော့မယ့် နန်းခင်ဇေယျာ ဧည့်လမ်းညွန် Miss Myanmar နန်းခင်ဇေယျာက ‘ပထမ’ များစွာ နဲ့ အနုပညာအလုပ်ကို တစ်ခုပြီးတစ်ခု လှုပ်ရှာ
ဂျက်ကီးချန်းသည် တစ်ချိန်က ဆင်ဆာမဲ့ရုပ်ရှင်မှ မင်းသား ဖြစ်ခဲ့ဖူး ၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင်ကောင် Comedy film တစ်ခု ထွက်ရှိပါတယ်။ Comedy လို့
အဖွဲ့အစည်းပေါင်းစုံနှင့် အနုပညာရှင်များ မိတ္ထီလာဒုက္ခသည်များကို ကူညီအားပေး Tuesday, April 2, 2013 အဖွဲ့အစည်းပေါင်းစုံနဲ့ ရုပ်ရှင်အနုပညာရှင်များပါတဲ့ အဖွဲ့ဝင်အင်အား ၂၀
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)