ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ယနေ့ (6-1-2013)ရက်နေ့၊ နံနက်တွင် ရခိုင်ပြည်နယ်စက်မှုလက်မှုဝန်ကြီး ဦးသာလူချေ (ယခုခရီးစဉ်တာဝန်- ကယ်ဆယ်ရေးနှင့်ပံ့ပိုးရေးဥက္ကဋ္ဌ )နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
ဦးလှဟန် (ယခုခရီးစဉ်တာဝန်-ထူထောင်ရေးနှင့်နေရာချထားရေး )တို့အဖွဲ့ရောက်ရှိလာပြီး နေ့လယ်(၁)နာရီခန့်တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံကာ ဘင်္ဂလီများအား ပြန်လည်နေရာချထားရေးကိစများကိုဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ကျောက်ဖြူမြို့မှ လူငယ်အဖွဲ့နှင့် မြို့မိမြို့ဖများကို (၂)ဖွဲ့ခွဲကာတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဓိကဆွေးနွေးသည့်အကြောင်းအရာမှာ ဒေသပြင်ပတွင်ရောက်ရှိနေသော ဘင်္ဂါလီများကို မူလမြို့ရွာများတွင်ပြန်လည်ထားရှိရန်နှင့် ၄င်းတို့ကြိုတင်ရွေးချယ်ထားသော နေရာ(၃)နေရာကိုချပြဆွေးနွေးခဲ့သည်။ ၄င်းတို့မှာ-
၁။ ကျောက်ဖြူမြို့မှထွက်ခွာသွားသော ဘင်္ဂါလီများကို ပြင်ဖြူမော်တွင်နေရာချထားရန်
၂။ ငသန့်သာကျွန်းနှင့်
၃။ အစိုင်းကြီးကျွန်း တို့ဖြစ်ကြပါသည်။
ဝန်ကြီးအဖွဲ့မှချပြသော ဘင်္ဂါလီများအားနေရာချထားမည့် နေရာ(၃)နေရာစလုံးအား မလိုလားအပ်သောနောက်ထပ်ပြသနာများထပ်မံမဖြစ်ပေါ်စေရန်နှင့် တည်ငြိမ်မှုမပျက်ပြားစေရန်အတွက် ကျောက်ဖြူလူငယ်အဖွဲ့မှ ၄င်းနေရာ(၃)နေရာစလုံးအားလက်မခံကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့ပြင် ၀န်ကြီးအဖွဲ့အား ကျောက်ဖြူလူငယ်အဖွဲ့မှ အထက်ဖော်ပြပါကိစ္စရပ်များအားဆောက်ရွက်မည်ဆိုပါက ဘင်္ဂလီတို့အားမည့်ကဲ့သို့နေထိုင်မှုပုံစံမျိုးဖြင့်ထားရှိမည်၊ မည်ကဲ့သို့လုံခြုံရေးထားရှိမည်ကို ကျောက်ဖြူမြို့နယ်ရှိဒေသခံရခိုင်တိုင်းရင်းအားလုံးတို့ကို ပွင့်လင်းမြင်သာအောင် ချပြပြောဆိုကာ သဘောထားရယူသင့်ကြောင်း၊ အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည် Sunday, June 23, 2013 ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ ၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသ
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
ရေကာတာများနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲရေး လုပ်ငန်းစဉ် ရခိုင်ပြည်နယ်သည် မြစ်၊ ချောင်းကြီးများရှိသော ဒေသဖြစ်သည့်အလျောက် လျှပ်စစ်စွမ်းအား လို
ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက် Monday, July 22, 2013 ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မ
တယ်လီဖုန်းပေါ် ရောက်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဇူလိုင်လ ၁၅ ရက် ၂၀၁၃ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်း တယ်လီဖုန်းဆိုတာ လူတိုင်းအတွက် အသုံးအဆောင
Previous Post
သွားဖြူစင်နည်း
သွားဖြူစင်နည်း
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)