မြန်မာ
နိုင်ငံတွင် ပြည်ပသို့ တင်ပို့မှု အားကောင်း လာသည့် ကဏန်း မွေးမြူ
ထုတ်လုပ်မှုကို မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း၍ ကဏန်း
သားဖောက် စခန်းများကို ပြန်လည် ထူထောင် သွားမည်ဟု ကဏန်း လုပ်ငန်းရှင်များ
အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခင်က ပြည်ပ နိုင်ငံများသို့
ကဏန်း တင်ပို့မှုတွင် ကုန်ကြမ်း အနေဖြင့်သာ ရောင်းချ နေရပြီး ယခုအခါ
မြိတ်ဒေသတွင် တန်ဖိုးမြှင့် ထုတ်လုပ်မှု ဖြစ်သည့် ကဏန်းပျော့ မွေးမြူရေးကို
လုပ်ကိုင်နေ ပြီး ပြည်ပသို့ တင်ပို့ နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ
အဝယ် လိုက်လာပြီး ယခု နှစ်တွင် ကဏန်း တင်ပို့မှုမှ ပြည်ပဝင်ငွေ အမေရိကန်
ဒေါ်လာ ၃၈ သန်း ရရှိရန် လျာထားကြောင်း ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ ကဏန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၃ဝ ကျော် ရရှိနေပြီ ဖြစ်သည်။
ကဏန်း တင်ပို့မှု များတွင် သဘာဝမှ ရရှိသည့် ကဏန်းကို ကုန်ချော အနေဖြင့်
ပြောင်းလဲ တင်ပို့ နေရခြင်း ဖြစ်ပြီး မွေးမြူ ထုတ်လုပ် တင်ပို့ပါက တွက်ခြေ
မကိုက် နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊
တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် ကဏန်း သားဖောက်
စခန်းများ ရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၊
မြိတ်ကျွန်းစုနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင် ကဏန်း ထုတ်လုပ်သည့်
ကုမ္ပဏီ ခြောက်ခု ရှိပြီး လစဉ် ကဏန်း တန်ချိန် ၄ဝဝ ခန့် ထုတ်လုပ်
နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
http://www.myawady.net.mm/allnews/localnews/item/3693-2013-01-06-11-07-51
မှ မြ၀တီ
မြန်မာ
နိုင်ငံတွင် ပြည်ပသို့ တင်ပို့မှု အားကောင်း လာသည့် ကဏန်း မွေးမြူ
ထုတ်လုပ်မှုကို မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း၍ ကဏန်း
သားဖောက် စခန်းများကို ပြန်လည် ထူထောင် သွားမည်ဟု ကဏန်း လုပ်ငန်းရှင်များ
အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခင်က ပြည်ပ နိုင်ငံများသို့ ကဏန်း တင်ပို့မှုတွင် ကုန်ကြမ်း အနေဖြင့်သာ ရောင်းချ နေရပြီး ယခုအခါ မြိတ်ဒေသတွင် တန်ဖိုးမြှင့် ထုတ်လုပ်မှု ဖြစ်သည့် ကဏန်းပျော့ မွေးမြူရေးကို လုပ်ကိုင်နေ ပြီး ပြည်ပသို့ တင်ပို့ နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အဝယ် လိုက်လာပြီး ယခု နှစ်တွင် ကဏန်း တင်ပို့မှုမှ ပြည်ပဝင်ငွေ အမေရိကန် ဒေါ်လာ ၃၈ သန်း ရရှိရန် လျာထားကြောင်း ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ ကဏန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၃ဝ ကျော် ရရှိနေပြီ ဖြစ်သည်။
ကဏန်း တင်ပို့မှု များတွင် သဘာဝမှ ရရှိသည့် ကဏန်းကို ကုန်ချော အနေဖြင့် ပြောင်းလဲ တင်ပို့ နေရခြင်း ဖြစ်ပြီး မွေးမြူ ထုတ်လုပ် တင်ပို့ပါက တွက်ခြေ မကိုက် နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် ကဏန်း သားဖောက် စခန်းများ ရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ကျွန်းစုနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင် ကဏန်း ထုတ်လုပ်သည့် ကုမ္ပဏီ ခြောက်ခု ရှိပြီး လစဉ် ကဏန်း တန်ချိန် ၄ဝဝ ခန့် ထုတ်လုပ် နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

http://www.myawady.net.mm/
မှ မြ၀တီ
SHARE THIS