Killer Whale မျိုးနွယ်ဝင် ဝေလငါး တစ်ဒါဇင်ခန့်သည် ပင်လယ်ပြင် အတွင်း မျောပါနေသည့် ရေခဲချပ်များအောက်တွင် ပိတ်ညပ်ကာ လမ်းပျောက်လျှက် ရှိသည်။
ကနေဒါ နိုင်ငံတွင် ရေခဲများအတွင်း ပိတ်မိနေသည့် ဝေလငါးများကို ကယ်ဆယ်ရန် တာဝန်ရှိသူများက ကြိုးစားနေကြောင်း သိရှိရသည်။ Killer Whale မျိုးနွယ်ဝင် ဝေလငါး တစ်ဒါဇင်ခန့်သည် ပင်လယ်ပြင်အတွင်း မျောပါနေသည့် ရေခဲချပ်များအောက်တွင် ပိတ်ညပ်ကာ လမ်းပျောက်လျှက် ရှိသည်။ ကွိဘက်ဒေသ မြောက်ပိုင်းရှိ ဒေသခံများသည် ဝေလငါးများ အောက်စီဂျင် ပြတ်လပ်မှု မရှိစေရန် ရေခဲချပ်ကြီးကို အပေါက်များ ဖောက်ပေးနေရသည်။ မူလက ထိုသတ္တဝါများ အားလုံးသည် ထရပ်ကား တစ်စင်းထက် အတန်ငယ်မျှသာ ကြီးမားသည့် အပေါက်တစ်ခုအနီးတွင် စုရုံးကာ အသက်လုရှူနေရကြောင်း ဒေသခံ အီနူဂျန့် လူမျိုးများက ပြောကြားခဲ့သည်။
မြို့တော်ဝန် ပီတာ အီနူပက်က မိမိတို့သည် ဗုဒ္ဓဟူးနေ့က ကနေဒါ အစိုးရအား ယခုကိစ္စအတွက် အကူအညီပေးပါရန် တောင်းဆိုထားကြောင်း ပြောဆိုသွားသည်။ လက်ရှိတွင် ဒေသခံများသည် ရေခဲခွဲ ယန္တရားများကို အစိုးရက ပို့လွှတ်ပေးရန် စောင့်ဆိုင်းနေသည်။ ထိုမှသာ ရေခဲများကို ခွဲစိတ်ဖယ်ရှားပြီး ဝေလငါးများ ပင်လယ်ထဲ ထွက်နိုင်အောင် လမ်းရှင်းပေးနိုင်မည် ဖြစ်သည်။ "သမုဒ္ဒရာနဲ့ ငါးလုပ်ငန်း ဌာနတွေက ဒီအခြေအနေကို ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းပေးဖို့ ကြံနေပါတယ်။ အဲဒီနေရာကို လိုအပ်ရင် အထူးပြု ကျွမ်းကျင်သူတွေပါ လွှတ်ပေးသွားမှာပါ"ဟု ဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိ ဖရန့်ခ်စတာနက်ခ်က ပြောကြားသွားသည်။
မုဆိုးတစ်ဦးသည် အင်္ဂါနေ့က ရေခဲပြင်အောင် ပိတ်မိနေသည့် သနားစရာ ဝေလငါးများကို ပထမဆုံးအကြိမ် သတိပြုမိလာခြင်း ဖြစ်သည်။ ထို့နောက် ရွာသား ဒါဇင်ပေါင်း များစွာတို့သည် ထိုရေခဲပြင် အပေါက်သို့ ရောက်လာကာ ဓာတ်ပုံများ ရိုက်ယူကြသလို အနီးအနားတွင် အောက်စီဂျင် ရစေမည့် အပေါက်အချို့ ဖောက်နိုင်အောင် ကြိုးစားပေးခဲ့သည်။ ဒေသခံများက ရုတ်တရက် အပူချိန် ကျဆင်းပြီး ရေခဲနှုန်း မြန်ဆန်သွားခြင်းကြောင့် ဝေလငါးများ ပင်လယ်အော်ထဲ ပြန်မထွက်နိုင်မီ လမ်းပိတ်သွားခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
မှ Planet Myanmar Network
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မြန်မာများကို ကာကွယ်ပေးရေး မလေးသံရုံးရှေ့ ဆန္ဒပြမည် အကြမ်းဖက်မှုများ ဆက်တိုက်ခံနေရသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
Appleက iPhone 5ကြောင့် သေဆုံးမှု မှန်ကန်လျှင် အဖြစ်မှန်အား ဖော်ထုတ်မည် Appleဟာ မကြာသေးခင်ကေ
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင
ကမန် အဖြစ် ပြောင်းလဲ့သွားသည့် ဘင်္ဂလီတွေကို စောင့်ကြည့်ဖို့ အချိန်တန်နေပြီ၊ အခု ရန်ကုန်မှာ ဘဂ်လီကုလားတွေ မှတ်ပုံတင်ပျောက်တယ်ဆိုပြီး အသစ်လုပ်နေကြတယ်၊ မှတ်ပုံတင်ရုံးမှ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)