နားမကြားပေမယ့် ကမ္ဘာက လေးစားရတဲ့ တေးပြ - ကွန်ပိုဇာ နဲ့ စန္တယား ပညာရှင် ဖြစ်ခဲ့သူကတော့ ဂျာမန်က Ludwig van Beethoven (လူဗစ် ဗန်း ဘိတ်တိုဗန်) အမည်ရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
သက်တော် ၅၇ နှစ်နေရတဲ့ လူ့ဘဝ သက်တမ်းမှာ အသက် ၂၆ နှစ် နောက် ပိုင်းက နားမကြားတဲ့ ကာလ ဖြစ်ခဲ့ရပြီး အောင်မြင်မှုကတော့ ကွယ်လွန် တဲ့အချိန်ထိ ယူသွားပါတယ်။ ယနေ့တိုင်လည်း Classical နဲ့ Romantic ဂီတလောက၊ အနောက်တိုင်း အနုပညာ ဂီတလောကမှာ မသိသူ မရှိပါဘူး။ ၁၇၇၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မွေးဖွားပြီး မိဘနှစ်ပါးလုံးက ဂီတ ပညာရှင်များ ဖြစ်တဲ့အတွက် ဆရာထပ်ငှားစရာ မလိုပဲ တတ်မြောက်ခဲ့ ပါတယ်။
အသက် ၂၆ နှစ် အရွယ်ရောက်လာချိန်မှာတော့ နားမကြားတဲ့ ရောဂါက စပါတယ်။ အဲ့ဒီအချိန်တုန်းက အစပျိုးဆဲ ကာလ ဖြစ်ပြီး နားလုံးဝ မကြားတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ သို့ပေမယ့် စကားသံတောင် ကျယ်ကျယ် နားထောင်လို့မရတဲ့ အခြေအနေမို့ Classical တေးဂီတဝိုင်း တစ်ခုလုံးကို ရှေ့ က compose လုပ်ပေးဖို့အတွက် အခက်အခဲများစွာ ရှိခဲ့ပါတယ်။ နားမှာ အမြဲတမ်း ဆူညံသံသာ ကြားနေရပြီး ဖျော်ဖြေပွဲတွေ ရွှေ့ဆိုင်းရတာမျိုး၊ သူ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ compositions များကို ပြန်လည် မချပြ နိုင်တော့တာမျိုး ဖြစ်ခဲ့ပါတယ်။
သို့ပေမ့ယ် ဇွဲလုံးဝ မလျော့ပဲ နားမကြားတကြား ဘဝနဲ့ပဲ ကြိုးစားရာ ၁၈၀၁ ခုနှစ်ရောက်တော့ အခြေအနေ ပိုဆိုးသွားတဲ့အတွက် ကိုယ့်ကိုယ့် ကို သေကြောင်း ကြံဖို့တောင် ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဂီတ သမားတစ်ယောက် အနေနဲ့ အကြားအာရုံ ဆုံးရှုံးရခြင်းဟာ နေဝင်ချိန်မို့ သေတာ အကောင်းဆုံး လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ သို့ပေမယ့် ချက်ချင်းပဲ ဆုံဖြတ်ချက် ပြန်ပြင် လိုက်ပြီး နားမကြားလည်း သူလုပ်နိုင်မယ် ဆိုတဲ့ ခံယူချက်ကို ပြန်လည် ထားရှိပါတယ်။ ၁၈၁၂ ခုနှစ်ရောက်တော့ လုံးဝ မကြားတဲ့ ကာလကို ရောက် ရှိသွားပြီ ဖြစ်ပါတယ်။ သို့တည့်တိုင် ကွန်ပိုဇာလုပ်၊ စန္တယား တီးနေဆဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာ တင်ဆက် မှုတိုင်းကို လူတွေကြိုက် ဆဲ ဖြစ်ပါ တယ်။ ပြဇာတ်ရုံမှာ လူရှန်ဆဲ ဖြစ်ပါတယ်။
သို့သော် နားမကြားတဲ့ အခြေအနေ ဆိုတော့ တစ်ခါခါက အလွဲဖြစ်ရပါတယ်။ သူနားမကြားတော့ အသံရဲ့  တုန်ခါမှု ဘေ့စ်ကို လုံးဝ မခံစားရတော့ပါဘူး။ ဒါကြောင့် သူ့ရဲ့  တေးဂီတ ဖန်တီးမှုက တစ်ခါခါကျ ဘေ့စ်သံ များပြီး ပရိတ်သတ်တို့ စိတ်အနှောက်အယှက် ဖြစ်သွားပါတယ်။ သူ နားမကြားတာ ကိုလည်း သိသူနည်းပါတယ်။ ဒီတော့ နောက်ပိုင်း ဂီတ ဖျော်ဖြေမှုထက် အရေး အသားပိုင်းကို ရောက်ပြီး သူဖန်တီးသမျှ ဂီတအကြောင်း၊ ဂန္တဝင် တေး စာစုများ၊ အခြားသော အနုပညာ စာပေများ ရေးသားပြီး ကမ္ဘာ အနှံ့ပျံ့ နှံ့ ခဲ့ပါတယ်။ ယနေ့တိုင်လည်း အသုံးဝင်မြဲ ဖြစ်ပါတယ်။
၁၈၂၇ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ကွယ်လွန်ပြီး ဇာပန အခမ်းအနားများ လူပေါင်း ၂ သောင်းမက တက်ရောက်ခဲ့ပါတယ်။ ယနေ့တိုင်လည်း သူ့ကိုယ်စားပြု မှတ်တမ်းတင်ထားမှုများ၊ ကျောက်ရုပ်တုများ၊ အခမ်းအနား များ ကျင်းပဆဲ ဖြစ်ပြီး ကမ္ဘာကို လွမ်းမိုးနိုင်တဲ့ အနုပညာရှင် တစ်ဦးလို့ သတ်မှတ်ထားပါတယ်။ နားမကြားတဲ့ ကာလ အတော်ကြာ မှာတောင် အောင်မြင်မှု အရှိန်မရပ်ပဲ မြင့်သထက် မြင့်အောင် စွမ်းဆောင်နိုင် တဲ့ Beethoven (ဘိတ်သိုဗန်) ဟာ ကမ္ဘာက လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး အဖြစ် ယနေ့တိုင် အသိမှတ်ပြုခံထားရဆဲ ဖြစ်ကြောင်း သရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ သက်မွန်မြင့် Sunday, May 19, 2013 ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှလိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့
သန်လျင်မြို့ လူမိုက်ကြီးရဲ့ ချစ်ဝိညာဉ်ရိုက်ကွင်း မြင်ကွင်း သန်လျင်မြို့ သဲဖြူကျောင်းကျေးရွာမှာရိုက်ကွင်းရှိတယ်ဆိုတာသိလိုက်တာနဲ့ ပေါ်ပြူလာပရိသတ်တွေ အတ
ဂျက်ကီးချန်းသည် တစ်ချိန်က ဆင်ဆာမဲ့ရုပ်ရှင်မှ မင်းသား ဖြစ်ခဲ့ဖူး ၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင်ကောင် Comedy film တစ်ခု ထွက်ရှိပါတယ်။ Comedy လို့
သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်းခံ Thursday, February 07, 2013 သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲခ
အကယ်ဒမီနောင်နောင်က ၎င်းရရှိထားသော အကယ်ဒမီဆုအား ဇာတ်ကားကြည့်ပြီးမှ ဝေဖန်ပါဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၁၁။ ၂၀၁၁ ခုနှစ် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ထာဝရအလင်း တန်းများ ဇာတ်က
"ထက်ထက်မိုးဦးရဲ့ လျှို့ဝှက်ချက် အကြောင်း ဇူးမြတ်ထက်ပြော “တစ်ဖက်သတ်” ဗီစီဒီအခွေမှာ ပရိသတ်တွေ အမြင်ဆန်းစေတဲ့ သရုပ်ဆောင် မှုတွေကို မြင်ရမှာ ဖြစ်ကြောင်း ဇ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)