ကချင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲစစ်ပွဲရပ်ဖို့ တရုတ်နေ ကချင်တိုင်းရင်းသားများ ဆန္ဒထုတ်ဖေါ် ကချင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ စစ်ပွဲရပ်ဆိုင်းဖို့ ယနေ့ကျရောက်တဲ့ ၆၅နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ တရုတ်နိုင်ငံမှာနေထိုင်တဲ့ ကချင်မျိုးနွယ်စုဦးရေ ၃၀,၀၀၀ကျော်ဟာ ဆန္ဒထုတ်ဖေါ်ကြတယ်လို့ မော်ဒန်ဂျာနယ်မှရောက်ရှိနေတဲ့ အယ်ဒီတာတစ်ဦးက သတင်းပို့ပါတယ်။ လိုင်ဇာနဲ့ ယူနန်နယ်စပ်မှာ ဟိုဘက်သည်ဘက် လက်တွေဝှေ့ယမ်းပြ၊ကချင်အမျိုးသားရေးသီချင်းတွေဆိုကြရင်း ဆန္ဒထုတ်ဖေါ်ကြတာပါ။လိုင်ဇာဘက်ခြမ်းမှာ ဆန္ဒထုတ်ဖေါ်တဲ့ ကချင်လူတုက ဦးရေ၁၀၀၀ ၀န်းကျင်ရှိပါတယ်။ စစ်မဖြစ်ခင်ကတော့ သည်လိုကချင်ပြည်နယ်နေ့မျိုးဆိုရင် တရုတ်မှာနေတဲ့ ကချင်တိုင်းရင်းသား တွေက သည်ဘက်ကိုကူးလာပြီး မနောအက ကကြတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွါးလာတာ အခုဆိုရင် ၂နှစ်နီးပါးရှိပါပြီ။
fromThe Modern News Journal
fromThe Modern News Journal