စစ်တွေ ၊ ၀၉ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]
ကျောက်ဖြူမြို့နယ် အစိုင်းကြီးကျွန်နေ ဒေသခံရခိုင်များအား ကိုယ်စားပြုစကားပြောနေသော ဘုန်းတော်ကြီးအား ၄င်းအနေဖြင့် ကုလားများ နှင့် ကျွန်းပေါ်တွင် အတူမနေရဲပါက ကျောက်ဖြူမြို့ သို့ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း မပြောင်းရွှေ့လိုသော ဒေသခံများမှာလည်း “ ပြသနာတခုခုဖြစ်ပေါ်လာပါက မပြောင်းရွှေ့လိုသူတို့၏တာဝန်သာဖြစ်ကြောင်း”
သွားရောက်အကြောင်းကြားသော ၀န်ကြီး နှစ်ဦးက ပြောဆိုခဲ့သည့်အတွက်
အစိုင်းကြီးကျွန်း ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြသည် ဟု Coral Arakan အား
ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်န၀ါရီလ (၇)ရက်နေ့က ရခိုင်ဝန်ကြီး ဦးသာလူချေ နှင့် ဦးလှဟန်တို့အဖွဲ့ ကျောက်ဖြူမြို့နယ် အစိုင်းကြီးကျွန်းသို့ သွားရောက်ပြီး၊ ဒေသခံရွာသူရွာသားများနှင့် ဘုန်းတော်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးကြစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုင်းကြီးကျွန်းပတ်ဝန်းကျင်တွင် ငသန့်သန်ကျွန်း၊ ဇင်ကျွန်းကျေရွာ၊ သလူမော်ကျေးရွာ၊ ငပသုန်ကျေးရွာ၊ နောင်တော်ကျေးရွာ၊ ကျွန်းပါးစပ်ကျေးရွာ၊ဂုံးတောင်ကျေးရွာ၊ ပြင်ဝန်းကျေးရွာ၊ သဲချောင်းကျေးရွာ တို့တည်ရှိသည်။ ဒေသခံ အများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြသည်။
ထို အစိုင်းကြီးကျွန်းမှ ဘင်္ဂလာဒေ့ရှ်သို့ နေ့ချင်းပြန် သွားလာနိုင်သဖြင့် ဘင်္ဂါလီများကို ဤကျွန်းတွင် နေရာချထားပါက မြန်မာနိုင်ငံအတွင်းဖက်သို့ ဘင်္ဂလာဒေ့ရှ်မှ ကုလားများကို တင်သွင်းရာတွင် စခန်းထောက် ဖြစ်လာနိုင်သည် ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
(KSNG ၏ သတင်းကို ကိုးကား၍ Coral Arakan အတွက် သောင်းကြွယ် ရေးသားသည်။)
ကျောက်ဖြူမြို့နယ် အစိုင်းကြီးကျွန်နေ ဒေသခံရခိုင်များအား ကိုယ်စားပြုစကားပြောနေသော ဘုန်းတော်ကြီးအား ၄င်းအနေဖြင့် ကုလားများ နှင့် ကျွန်းပေါ်တွင် အတူမနေရဲပါက ကျောက်ဖြူမြို့ သို့ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင
ပြီးခဲ့သည့် ဇွန်န၀ါရီလ (၇)ရက်နေ့က ရခိုင်ဝန်ကြီး ဦးသာလူချေ နှင့် ဦးလှဟန်တို့အဖွဲ့ ကျောက်ဖြူမြို့နယ် အစိုင်းကြီးကျွန်းသို့ သွားရောက်ပြီး၊ ဒေသခံရွာသူရွာသားများနှင့် ဘုန်းတော်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးကြစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုင်းကြီးကျွန်းပတ်ဝန်းကျင်တွ

SHARE THIS