ရန်ကုန်၊ ဇန်န၀ါရီ ၈
ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာကာရိုအာဆိုသည် ပြည်တွင်းအရေးကြီးကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြားသည်။
ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည် သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀၀ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ) လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက်ထပ်ကြွေးမြီသစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြုပြောကြားခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိက၀တ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။
“ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေပါတယ်။ ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်”ဟု သီလ၀ါဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀၀ ဟက်တာ (ဧက ၅၉၀၀ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလ၀ါဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင်ငံမှအရာရှိများက မျှော်လင့်ထားသည်။
ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ ကောင်းကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီးတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်းလုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင် ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက်ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။
-Reuters / WSJ
7 Days
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ် ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
သုံးဆယ်ဆရာတော်ကြီး ပျံလွန်တော်မူ ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝ
မြန်မာများကို ကာကွယ်ပေးရေး မလေးသံရုံးရှေ့ ဆန္ဒပြမည် အကြမ်းဖက်မှုများ ဆက်တိုက်ခံနေရသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အကာအကွယ်
ဆရာတော် ဦးဥတ္တမကြေးရုပ် ပြန်လည်ထားရှိရန် အကြံပြု Sunday, June 23, 2013 မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ကို
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် လေးဆူ အောက်တိုဘာ ၅ ရက်မှ ၂၁ ရက်အထိ ဒေသစာရီ ကြွချီ အပူဇော်ခံမည် Saturday, 17 August 2013 အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် နှစ်စဥ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)