[-၀င့်သင်ဇာကျော် (မြစ်မခ)
နိုဘယ်လ်ငြိမ်းချမ်းရေးဆုပြီးလျှင် အမြင့်ဆုံးဆုတံဆိပ်တစ်ခုဖြစ်သည့် ကျောင်းသားငြိမ်းချမ်းရေး ဆုရရှိခဲ့သူ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ဆုကို ၄င်းအား ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ သိရှိရသည်။
...
“ကိုမင်းကိုနိုင်က ၁၉၉၉ခုနှစ် student peace prize ကျောင်းသားငြိမ်းချမ်းရေးဆုကို ရခဲ့တာပါ။ Nobel ငြိမ်းချမ်းရေး ဆုပြီးရင် ကျောင်းသား ငြိမ်းချမ်းရေးဆုက အမြင့်ဆုံးလို့ ပြောလို့ရပါတယ်။ AAPP က လက်ခံထားတာ ရှိပါတယ်။ “ ဟု နိုင်ငံရေးအကျဉ်းသား ကာကွယ်စောင့်ရှောက်ရေး အသင်းမြန်မာ (AAPP)မှ ကိုတိတ်နိုင်က ပြောသည်။
ကျောင်းသားငြိမ်းချမ်းရေးဆုတွင် အမေရိကန်ဒေါ်လာ(၅)ထောင်နှင့် ဆုတံဆိပ်တစ်ခုဖြစ်ပြီး ကျောင်းသားငြိမ်းချမ်းရေးဆုအပြင် အမေရိကန်နိုင်ငံ ပါမောက္ခများအသင်းမှ ၈၈မျိုးဆက် ကျောင်းသားများအား ပေးအပ်သောဆုများလည်း ကျန်ရှိနေသေးသည်ဟု ၄င်းက ဆက်ပြောသည်။
“ကိုမင်းကိုနိုင်က ကျောင်းသားငြိမ်းချမ်းရေးဆုတင် မကသေးဘူး။ ချက်နိုင်ငံက ပေးအပ်တဲ့ Harmony Award ဆိုတဲ့ ဆု နောက်တစ်ခါ အမေရိကန်နိုင်ငံက ပေးတဲ့ ဆုတစ်ခုရှိပါတယ်၊ ဒါက ကိုမင်းကိုနိုင်ကို ပေးတာပါ။ နောက် ၈၈ မျိုးဆက်ကျောင်းသားများကို အမေရိကန်နိုင်ငံ ပါမောက္ခများအသင်းကနေ ပေးတဲ့ ဆုရှိပါတယ်။”ဟု ကိုတိတ်နိုင်က ပြောသည်။
အမေရိကန်နိုင်ငံပါမောက္ခများအသင်းမှ ၈၈မျိုးဆက်ကျောင်းသားများအား ပေးအပ်သောဆုသည် မြန်မာပြည်တစ်ရပ်လုံး ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လှုပ်ရှားမှု၌ ပေးအပ်သည့် ဂုဏ်ပြုဆု ဖြစ်ခြင်းကြောင့် ၄င်းက ပြည်သူအား ပေးအပ်ခြင်းဖြစ်သည်ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုဌေးကြွယ်က ဆိုသည်။
“ မြန်မာပြည်တစ်ရပ်လုံးရဲ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှု မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို ဂုဏ်ပြုပေးအပ်ခြင်းပါ ၈၈ဆိုတာ သင်္ကေတ တစ်ခုပဲရှိပါတယ်။ တကယ်ကတော့ ကျွန်တော်တို့ ပြည်သူကို ပေးတာပါ။” ဟု ကိုဌေးကြွယ်က ပြောသည်။
၂၀၀၇ခုနှစ်တွင် ချက်နိုင်ငံမှ မစုစုနွေး ၊ မနီလာသိန်း နှင့် မဖြူဖြူသင်းတို့အား မြန်မာနိုင်ငံ အမျိုးသမီး သတ္တိဆုရှင်နှင့် အင်္ဂလန်နိုင်ငံ တက္ကသိုလ်တစ်ခုမှလည်း ၂၀၀၆ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ကိုသက်ဝင်းအောင်ကို ဒုတိယ-ဥက္ကဌ ဘွဲ့ထူးဆောင်ဆုများ ကို နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလက်ခံထားသည်ဟု သိရှိရသည်။
“ထောင်ထဲမှာ ဆုရတာဆိုတော့ ဒီဆုကိုရတဲ့အတွက် ထူးထူးခြားခြား ၀မ်းသာတာမျိုးတော့ မဖြစ်ပါဘူး အဲ့အချိန်တုန်းက ကျမထောင်ထဲ မှာဆိုတော့ ဘယ်မီဒီယာနဲ့မှ အင်တာဗျူးဖြေလို့မရဘူး အဲ့ဒါကြောင့် ကျမ ရှေ့နေ ဦးကြည်ဝင်းကို ပြောခိုင်းလိုက်တယ်။ ဒီဆုက ၂၀၀၇ လှုပ်ရှားမှုမှာ ရတဲ့ဆုဖြစ်တာမို့ အဲ့ဒီနှစ်က အကျဉ်းကျခဲ့တဲံ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ သက်ဆိုင်တယ်၊ ရဟန်း ၊ သံဃာတွေနဲ့ လည်း သက်ဆိုင်ပါတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ဆုပါ။” ဟု လက်ရှိ တောင်သူလယ်သမား သမဂ္ဂပေါ်ပေါက်ရေး လှုပ်ရှားနေသူ မစုစုနွေးက ပြောသည်။
နိုင်ငံတကာမှ အဆိုပါဆုများအား ပေးအပ်ခဲ့စဉ် အကျဉ်းကျခံနေသူများကို နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလက်ခံခဲ့ခြင်းဖြစ်သောကြောင့် AAPPသည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေစဉ် ဂုဏ်ပြုဆုပေးအပ်ပွဲကို အခမ်းအနားတစ်ခုအနေဖြင့် ကျင်းပကာ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးမှ အတွင်းရေးမှူး ကိုတိတ်နိုင်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသား ကာကွယ်စောင့်ရှောက်ရေးအသင်းသည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၅)ရက်နေ့ က မြန်မာနိုင်ငံသို့ တစ်လခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကာ အဖွဲ့အစည်းအသီးသီးနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရှိရသည်။
မှ Myit Makha Mediagroup
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
တောင်ကုတ်တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု သံသယရှိသူခြောက်ဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယမန်နှစ် ဇွန်လဆန်းပိုင်းက အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမ
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
အင်းစိန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် အိမ်ခြေငါးလုံး ဆုံးရှုံးခဲ့ပြီး အသက် ၉၆ နှစ်အရွယ် အဘွားအိုတစ်ဦး ဆေးရုံတင်ခဲ့ရ Monday, June 17, 2013 အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် ဓမ္မာရုံ လမ်းသွယ်အတွင်း မီးလောင်မှု
ကမန် အဖြစ် ပြောင်းလဲ့သွားသည့် ဘင်္ဂလီတွေကို စောင့်ကြည့်ဖို့ အချိန်တန်နေပြီ၊ အခု ရန်ကုန်မှာ ဘဂ်လီကုလားတွေ မှတ်ပုံတင်ပျောက်တယ်ဆိုပြီး အသစ်လုပ်နေကြတယ်၊ မှတ်ပုံတင်ရုံးမှ
မြန်မာ့ မိုဘိုင်းဖုန်း ဘ၀ပြောင်းဖို့ အစပျိုးပြီ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်တဲ့ Telenor နှင
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)