ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။
ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။
ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။
E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
မှ TechSpace Journal
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
Lenovo ၏ screen အရွယ် ၂၇ လက်မရှိ Horizon table ကွန်ပျူတာ မိတ်ဆက်ပြသ Consumer Electronics Show 2013 (CES 2013) ပြပွဲတွင် IdeaCentre Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် to
ဈေးနှုန်းသက်သာ ၉၉ ဒေါ်လာ Tablet ကို Acer ကထုတ်မည် ၉၉ ဒေါ်လာဆိုတော့ မြန်မာငွေနဲ့ တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ကုန်ကျ မယ့် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ
နိုကီရာက ၁၃ ပေါင်တန်ဖုန်းများ မိတ်ဆက် Monday, March 4, 2013 မိုဘိုင်းဖုန်းလောကတွင် တစ်ချိန်က ရှေ့ဆုံး၌ရှိနေခဲ့သော နိုကီရာသည် တန
စမတ်ဖုန်း ကိုင်သူများ သတိထားရန် မှန်ကွဲခြင်း ပြဿနာ Samsung ဖုန်းကိုပဲ မဟုတ်ပါဘူး။ Gorilla Glass လို့ခေါ်တဲ့ ဖန်သား မျက်နှာပြင်သုံး စမတ်ဖုန်းတိုင
အင်တာနက်သုံးနိုင်သည့် ဆမ်ဆောင်းဂလက်ဆီကင်မရာ ပြည်တွင်းဈေးကွက်စတင်ဖြန့်ချိ ရန်ကုန် ဇန်န၀ါရီလ ၁၁ Samsung ၏ အန်းဒရွိုက်စနစ်သုံး Galaxy Camera အားယခုလတွင်း ပြည်တွင်းဈေးက
မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။ ပုံမှာ တွြေ့
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)