Friday, 11 January 2013 10:43
မြန်မာကျပ်ငွေနှင့်ထိုင်းဘတ်ငွေနှစ်မျိုးလုံး သုံးစွဲမှုပြုနေသည့် မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် တရားဝင် ပုဂ္ဂလိက ငွေလဲကောင်တာ တစ်ခုအား ဇန်န၀ါရီလ (၉) ရက် နံနက် က ဇွင့်လှစ်ခဲ့ကြောင်းသတင်းရရှိသည်။
မြ၀တီမြို့ ကုန်သွယ်မှုဈေးကွက်၊ ငွေကြေးဈေးကွက်နှင့် လက်လီလက်ကား ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်တွင် မြို့ပေါ်ရပ်ကွက်များရှိ တနိုင်တပိုင်ငွေလဲကောင်တာ(ဘတ်လဲခုံ)များကိုသာ အားထားပြီးငွေ ကြေးကိစ္စရပ်များကိုဆောင်ရွက်ခဲ့ကြရပြီး ယခုဖွင့်လှစ်သည့် ငွေလဲကောင်တာမှာ ပထမဆုံးတရားဝင်ဖွင့်လှစ် သည့် ငွေလဲကောင်တာဖြစ်ကြောင်းသိရသည်။
ယခုဖွင့်လှစ်လိုက်သည့် (Today Top Star Exchance Counter) ငွေလဲကောင်တာ အနေဖြင့် ဗဟိုဘဏ်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ဈေးကွက်နှင့်ကိုက်ညီရန်အတွက် ဈေးကွက် အခြေအနေကိုလျစ်လျူ ရှု မထားဘဲ လက်တွေကျကျ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရားမ၀င် ဆောင်ရွက်နေမှုများကိုလည်း တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်အောင် စည်းရုံးခေါ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
"ငွေကြေးနဲ့ပတ်သက်လို့  တရားမ၀င်ငွေလဲခုံအချို့ကြောင့် ပြည်သူတွေ ဒုက္ခအမျိုးမျိုးကြုံရတယ် ဆိုတာ မကြာခဏ ကြားနေရပါတယ်။ တရားဝင် ငွေလဲကောင်တာဆိုတာ ရောင်းဈေးဝယ်ဈေးကို ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ပေးတဲ့အတွက် မှန်ကန်ခိုင်မာတဲ့ဈေးနှုန်းနဲ့ လဲလှယ်နိုင်မှာဖြစ်ပါတယ်”ဟု Today Top Star Exchance Counter) ငွေလဲကောင်တာ ၏ တာဝန်ခံမန်နေဂျာဖြစ်သူမှပြောကြားပါသည်။
အစိုးရသစ်လက်ထက် ဗဟိုဘဏ် ဥပဒေထွက်လာပြီးနောက် ဘဏ်မဟုတ်သော နိုင်ငံခြားငွေလဲ ကောင်တာအဖြစ် ရန်ကုန်မြို့တွင် ဖိုးရာဇာကုမ္မဏီနှင့် မြ၀တီမြို့ တွင် Today Top Star ကုမ္မဏီတို့ဖွင့်လှစ် ခွင့်ရရှိခဲ့ကြောင်း၊ မြ၀တီမြို့တွင် ဖွင့်လှစ်သည့်(Today Top Star Exchance Counter) အနေဖြင့် ထိုင်းဘတ် ငွေများအပြင် FEC၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ဥရောပငွေကြေးများကိုလည်း ဗဟိုဘဏ် မှသတ်မှတ်ထားသည့်နေ့ စဉ်ပေါက်ဈေး အတိုင်းရောင်းဝယ်သွားမည်ဖြစ်ကြောင်းသိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူ
ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြား အရိုင်းတုံးကြီး ပေးအပ်လှူဒါန်း မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတု
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် လေးဆူ အောက်တိုဘာ ၅ ရက်မှ ၂၁ ရက်အထိ ဒေသစာရီ ကြွချီ အပူဇော်ခံမည် Saturday, 17 August 2013 အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် နှစ်စဥ
ဂက်စ်ပိုက်ပေါက်၍ ဒိုင်နာလိုင်းကား မီးလောင်မှုဖြစ် ယာဉ်မောင်း မြင့်စိုး-လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် ၁၆
ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက် သို့ နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော် ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ
ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ် Wednesday, July 03, 2013 မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအေ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)