ရန်ကုန်၊ ဇန်နဝါရီ၊ ၂၅။
ကားဈေးကွက်အတွင်းတွင် Taxiကားအမျိုးအစား အသစ်များကို
ရောင်းချလျက်ရှိရာ Proboxကားအမျိုးအစား Taxiများမှာ ရောင်းအား အကောင်းဆုံး ဖြစ်ကြောင်း Car Showroom များမှ သိရသည်။
Taxi ကားများတွင် Probox ကားများသည် ဈေးနှုန်းသက်သာခြင်း၊ လူနှင့်ပစ္စည်းများစွာ တင်ဆောင်နိုင်ခြင်း၊ အင်ဂျင်ပါဝါသည် 1300CC နှင့်
1500CCသာရှိသောကြောင့်ဆီကုန်သက်သာခြင်း စသောအချက်များကြောင့်
ရောင်းအကောင်းဆုံး ဖြစ်နေသည်ဟု ကားဝယ်ရောင်းပြုလုပ်သူ ဦးဌေးဝင်းကပြောကြားသည်။
“ကျွန်တော်တို့ဆီမှာတော့ Probox Taxi ကားအရေအတွက်ကိုတော့ တခြားကား အမျိုးအစားတွေထက် ပိုတင်ထားတယ်။” ဟု နာမည်ကြီးကား Showroom တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
Probox Taxi ကားတစ်စီး၏ တန်ဖိုးမှာ ကျပ်သိန်း၁၀၀ ခန့်ရှိပြီး ၊ Toyota Caldina Taxi တစ်စီးလျှင် ကျပ်သိန်း ၁၆၀ခန့် ၊ Toyota Corolla Van Taxi တစ်စီးလျှင် ၁၉၅သိန်းခန့် ၊ Toyata Mark II Taxi တစ်စီးလျှင် ၂၁၅သိန်းခန့်
ပေါက်ဈေးများရှိနေပြီး ဈေးနှုန်းသင့်တင့်သောကြောင့် ၀ယ်ယူသူများပြားခြင်း
ဖြစ်ကြောင်းသိရသည်။
“ကျွန်တော် Taxi ၀ယ်မယ်လုပ်တော့ Car Showroom တွေမှာ AAနံပါတ်နဲ့ကားတွေ လိုက်ကြည့်တယ်။ ပထမတော့ Proboxကို သိပ်မကြိုက်ဘူး။ ရုပ်ထွက်သိပ်မလှဘူးထင်လို့။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့
ပိုက်ဆံနဲ့ ချိန်ပြီးဝယ်ရတာဆိုတော့ ဈေးက Probox က ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာ ဖြစ်နေတယ်။ ” ဟု Taxi ကားပိုင်ရှင် ဦးတင်အောင်က
ပြောကြားသည်။
ယခုအခါ Taxi များကို အရစ်ကျ ၀ယ်ယူနိုင်သဖြင့် ငွေကြေးအသင့်အတင့် တတ်နိုင်သော Taxi မောင်းသူများမှာ ကိုယ်ပိုင် Taxi များကို အရစ်ကျ ၀ယ်ယူလျက် ရှိကြရာ ကား Show room များတွင် ကားတန်ဖိုး၏ ၃၀%ကို အရင်ပေးသွင်းကာ ကျန်ငွေကို အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ဘဏ်များဖြင့် ချိတ်ဆက်ကာ ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ဆုဝေ
မှ The Myanma Age
ကားဈေးကွက်အတွင်းတွင် Taxiကားအမျိုးအစား အသစ်များကို
ရောင်းချလျက်ရှိရာ Proboxကားအမျိုးအစား Taxiများမှာ ရောင်းအား အကောင်းဆုံး ဖြစ်ကြောင်း Car Showroom များမှ သိရသည်။
Taxi ကားများတွင် Probox ကားများသည် ဈေးနှုန်းသက်သာခြင်း၊ လူနှင့်ပစ္စည်းများစွာ တင်ဆောင်နိုင်ခြင်း၊ အင်ဂျင်ပါဝါသည် 1300CC နှင့်
1500CCသာရှိသောကြောင့်ဆီကုန်သက်