Wednesday, 06 February 2013
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား အတိုးနှုန်း မပါသော အမေရိကန်ဒေါ်လာ ၁၆၅ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရန်အတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား တစ်သမတ်တည်း ပေးဝေနိုင်သော လျှပ်စစ်ဓာတ်အားပေးစနစ်ကို ဖြန့်ဖြူးပေးရေးသည် မြန်မာနိုင်ငံအတွက် ကြီးမားသော အနာဂတ်လူမှုရေးနှင့် စီးပွားရေး အလားအလာတို့ကို အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးပါတယ်။ လျှပ်စစ်ဓာတ်အားကို ပြည်သူအားလုံးထံ တသတ်မတ်တည်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးရာတွင် လိုအပ်သော မတည်ငွေများ ပိုမိုရနိုင်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အကြီးစားစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် IFC သည် အစိုးရနှင့် လက်တွဲလုပ်ဆောင်မှာပါ" ဟု IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်းချိုင်းက ပြောကြားပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် ၆.၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားကြောင်း၊ စီးပွားရေး တိုးတက်လာမှုနှင့်အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက် များလာနိုင်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် လျှပ်စစ်ဓာတ်အား တသတ်မှတ်တည်း လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပြောင်းလဲမှုများကို ဆောင်ရွက်သင့်ကြောင်း IFC မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခြေခံ အဆောက်အဦ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်နှင့် ဘဏ္ဍာရေး ထောက်ပံ့မှုများ ကူညီပေးသွားမည် ဖြစ်ကြောင်းကို "အခြေခံ အဆောက်အဦအတွက် အခွင့်အလမ်းများနှင့် ဘဏ္ဍာရေးပိုင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အတွက် အလျဉ်းသင့်သလို တွေ့ဆုံသွားမှာပါ။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်များ၊ ဆက်သွယ်ရေး ကွန်ယက်များနှင့် တယ်လီဖုန်းလိုင်းများသည် ပြည်သူများအား ဈေးကွက်များနှင့် ပေါင်းကူးဆက်သွယ်ပေးပြီး ကုန်စည်များနှင့် ၀န်ဆောင်မှုများကို ရရှိစေမှာပါ။ IFC သည် ACLEDA ဘဏ်နှင့် ပူးပေါင်းပြီး မြန်မာပြည်သူများကို အသေးစား ဘဏ္ဍာရေး ထောက်ပံ့မှုများကို ကူညီပေးမည်" ဟု IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင်ဖင်ကယ်စတန်က ပြောပါသည်။
ကမ္ဘာ့ဘဏ် လုပ်ငန်းစုမှ အဖွဲ့ဝင်များသည် ပြုပြင်ပြောင်းလဲမှုများကို ကူညီပေးရန်အတွက် နိုင်ငံတစ်ဝှမ်းလုံးဆိုင်ရာ စီမံချက်ကို စတင်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံအတွက် ဦးစားပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတိုးနှုန်းမပါသော အမေရိကန်ဒေါ်လာ ၁၆၅ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ကျောင်းများ၊ ကျန်းမာရေး ဆေးပေးခန်းများနှင့် ကျေးလက်အဆောက်အဦ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၀ သန်းကို ချပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ အပါအ၀င် အခြားသော ငွေထောက်ပံ့ရမည့် နယ်ပယ်များအတွက် မြန်မာနိုင်ငံ အစိုးရနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်လုပ်ငန်းအစု အနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်သူ့ဘဏ္ဍာရေးအတွက် စီမံမှုများ ပြုလုပ်ရန် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာကိုလည်း ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သိရသည်။
Credit to : Eleven Media Group
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား အတိုးနှုန်း မပါသော အမေရိကန်ဒေါ်လာ ၁၆၅ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရန်အတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအား တစ်သမတ်တည်း ပေးဝေနိုင်သော လျှပ်စစ်ဓာတ်အားပေးစနစ်ကို ဖြန့်ဖြူးပေးရေးသည် မြန်မာနိုင်ငံအတွက် ကြီးမားသော အနာဂတ်လူမှုရေးနှင့် စီးပွားရေး အလားအလာတို့ကို အကောင်အထည်ဖော်ရာတွင် အလွန်အရေးကြီးပါတယ်။ လျှပ်စစ်ဓာတ်အားကို ပြည်သူအားလုံးထံ တသတ်မတ်တည်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးရာတွင် လိုအပ်သော မတည်ငွေများ ပိုမိုရနိုင်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အကြီးစားစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် IFC သည် အစိုးရနှင့် လက်တွဲလုပ်ဆောင်မှာပါ" ဟု IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်းချိုင်းက ပြောကြားပါသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် ၆.၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားကြောင်း၊ စီးပွားရေး တိုးတက်လာမှုနှင့်အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက် များလာနိုင်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် လျှပ်စစ်ဓာတ်အား တသတ်မှတ်တည်း လုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပြောင်းလဲမှုများကို ဆောင်ရွက်သင့်ကြောင်း IFC မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခြေခံ အဆောက်အဦ၊ မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်နှင့် ဘဏ္ဍာရေး ထောက်ပံ့မှုများ ကူညီပေးသွားမည် ဖြစ်ကြောင်းကို "အခြေခံ အဆောက်အဦအတွက် အခွင့်အလမ်းများနှင့် ဘဏ္ဍာရေးပိုင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အတွက် အလျဉ်းသင့်သလို တွေ့ဆုံသွားမှာပါ။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်များ၊ ဆက်သွယ်ရေး ကွန်ယက်များနှင့် တယ်လီဖုန်းလိုင်းများသည် ပြည်သူများအား ဈေးကွက်များနှင့် ပေါင်းကူးဆက်သွယ်ပေးပြီး ကုန်စည်များနှင့် ၀န်ဆောင်မှုများကို ရရှိစေမှာပါ။ IFC သည် ACLEDA ဘဏ်နှင့် ပူးပေါင်းပြီး မြန်မာပြည်သူများကို အသေးစား ဘဏ္ဍာရေး ထောက်ပံ့မှုများကို ကူညီပေးမည်" ဟု IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင်ဖင်ကယ်စတန်က ပြောပါသည်။
ကမ္ဘာ့ဘဏ် လုပ်ငန်းစုမှ အဖွဲ့ဝင်များသည် ပြုပြင်ပြောင်းလဲမှုများကို ကူညီပေးရန်အတွက် နိုင်ငံတစ်ဝှမ်းလုံးဆိုင်ရာ စီမံချက်ကို စတင်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံအတွက် ဦးစားပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတိုးနှုန်းမပါသော အမေရိကန်ဒေါ်လာ ၁၆၅ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ကျောင်းများ၊ ကျန်းမာရေး ဆေးပေးခန်းများနှင့် ကျေးလက်အဆောက်အဦ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၀ သန်းကို ချပေးခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ အပါအ၀င် အခြားသော ငွေထောက်ပံ့ရမည့် နယ်ပယ်များအတွက် မြန်မာနိုင်ငံ အစိုးရနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်လုပ်ငန်းအစု အနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်သူ့ဘဏ္ဍာရေးအတွက် စီမံမှုများ ပြုလုပ်ရန် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ြ
Credit to : Eleven Media Group