ရွှေပေါက္ကံ စက်မှုဇုန် မီးလောင်


Photo6 February, 2013

ဖေဖေါ်ဝါရီလ ၅ ရက်။   ။ဒီကနေ့ နေ့လည် ၂ နာရီခန့်က ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပေါက္ကံ စက်မှုဇုန် ထဲက၊ ကနောင် (၁) လမ်းမှာ ရှိတဲ့ ရေမြှုပ် စက်ရုံတစ်ရုံ မှာ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ မီးလောင်ကျွမ်းမှု ဟာ စက်ရုံ အတွင်း သိုလှောင်ထားတဲ့ ရေမြှုပ်များ ကနေ အပူရှိန် လွန်ကဲပြီး မီးထ လောင်ကျွမ်းတာ ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းစဉ် မှာ စက်ရုံ အ တွင်းမှာ အလုပ်သမားများ အလုပ်လုပ်လျက် ရှိနေပြီး စက်ရုံရှိ အလုပ်သမားများ မီး လောင်ကျွမ်းမှု ကြောင့် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း၊မီးလာရောက်ငြိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်များ ထဲမှ မီးသတ် ဝန်ထမ်း တပ်ကြပ် တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတွင်းရှိ ပစ္စည်းတန်ဖိုး (၁ဝ) သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရတယ်လို့ စက်ရုံရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်များဟာ ရက်ခြား ဆိုသလို ဆက်တိုက် ဖြစ်ပွားနေကြောင်းနဲ့ ဒါကြောင့် ပြည်သူများ အနေနဲ့ ရာသီဥတုပူပြင်းလာတာနဲ့အတူ မီးဘေးအန္တရာယ်ကို အထူး သတိထားသင့်တယ် လို့လည်း အဆိုပါ မီးလောင်ကျွမ်းမှု ကို လာရောက် ငြိမ်းသတ်တဲ့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောဆိုသွားလို့ သိရပါတယ်။


ရတနာပုံသတင်း

SHARE THIS