Sunday, 03 February 2013
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့နယ် မှတ်တိုင်အုပ်စု၊
မှတ်တိုင်ကျေးရွာနေ တောင်သူများဖြစ်ကြသည့်ဖိုးဖြူ ၊ အုန်းမြင့်၊ ထွန်းလွင်
... နှင့် မောင်ထွန်း တို့(၄)ဦးသည်ကြိမ် နှင့် ရုန်းများခုတ်ရန်အတွက်
၂၀၁၃ ဇန်န၀ါရီလ (၃၁)ရက်နေ့နံနက်ပိုင်းတွင်မှတ်တိုင်ရွာ၏မြောက်ဖက်
(၁၅)မိုင်ခန့်အကွာ တောအတွင်းသို့ထွက်ခွာ၍ ညအိပ်စခန်းချကာ
ကြိမ်နှင့်ရုန်းများ ခုတ်နေခဲ့ကြသည်။
ဖေဖေါ်ဝါရီ (၂)ရက် နံနက်စောစောတွင် ဖိုးဖြူ (၃၂)နှစ်သည် “နန့်လန်ချောင်း” အတွင်း ငါးရှာထွက်သွားရာ နံနက်(၁၀)နာရီခန့်အထိ
ပြန်မလာသဖြင့် ကျန်(၃)ယောက်မှ လိုက်လံရှာဖွေရာ ကချင်ပြည်နယ်
အတွင်းရှိ နန့်လန်ချောင်း နှင့် ဆင်ကြမ်းချောင်းကြားတွင် မိုင်းထိ၍
ဖိုးဖြူ၏ ညာဘက်ပေါင်တွင် ဖေါက်ထွက်ဒဏ်ရာ(၁)ခုရရှိကာ လဲကျနေသည်
ကိုတွေ့ရ၍ ခိုထောင်ကြီးရွာသို့ ထမ်းစင်ဖြင့်သယ်ဆောင်ပြီး၊
ခိုထောင်ကြီးရွာမှ သုံးဘီးဆိုင်ကယ်ဖြင့်ကသာခရိုင်ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့ရာဖေဖေါ်ဝါရီ(၃)ရက် နံနက် (၄၅)မိနစ်အချိန်တွင်
ဆေးရုံသို့ရောက်ရှိကာခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာကျော်ထွေးမှ
ကြပ်မတ်ကုသလျှက်ရှိကြောင်းသတင်းရရှိပါသည်။
Katha Town
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရို
မှတ်တိုင်ကျေးရွာနေ တောင်သူများဖြစ်ကြသည့်ဖိုးဖြူ ၊ အုန်းမြင့်၊ ထွန်းလွင်
... နှင့် မောင်ထွန်း တို့(၄)ဦးသည်ကြိမ် နှင့် ရုန်းများခုတ်ရန်အတွက်
၂၀၁၃ ဇန်န၀ါရီလ (၃၁)ရက်နေ့နံနက်ပိုင်းတွင်မှတ်တ
(၁၅)မိုင်ခန့်အကွာ တောအတွင်းသို့ထွက်ခွာ၍ ညအိပ်စခန်းချကာ
ကြိမ်နှင့်ရုန်းများ ခုတ်နေခဲ့ကြသည်။
ဖေဖေါ်ဝါရီ (၂)ရက် နံနက်စောစောတွင် ဖိုးဖြူ (၃၂)နှစ်သည် “နန့်လန်ချောင်း” အတွင်း ငါးရှာထွက်သွားရာ နံနက်(၁၀)နာရီခန့်အထိ
ပြန်မလာသဖြင့် ကျန်(၃)ယောက်မှ လိုက်လံရှာဖွေရာ ကချင်ပြည်နယ်
အတွင်းရှိ နန့်လန်ချောင်း နှင့် ဆင်ကြမ်းချောင်းကြားတွင် မိုင်းထိ၍
ဖိုးဖြူ၏ ညာဘက်ပေါင်တွင် ဖေါက်ထွက်ဒဏ်ရာ(၁)ခုရရှိကာ လဲကျနေသည်
ကိုတွေ့ရ၍ ခိုထောင်ကြီးရွာသို့ ထမ်းစင်ဖြင့်သယ်ဆောင်ပြီး၊
ခိုထောင်ကြီးရွာမှ သုံးဘီးဆိုင်ကယ်ဖြင့်ကသာခရိုင်ြ
ပို့ဆောင်ခဲ့ရာဖေဖေါ်ဝါရီ(၃)ရက် နံနက် (၄၅)မိနစ်အချိန်တွင်
ဆေးရုံသို့ရောက်ရှိကာခွဲစိတ်ဆရာ
ကြပ်မတ်ကုသလျှက်ရှိကြောင်းသတင်း
Katha Town