ကျောက်ဖြူမြို့တွင် လျှပ်စစ် ဓာတ်အား ပိုမို ရရှိတော့မည်ပြောပေမယ့်လက်ရှိမှာ မီးတယူနစ်၅၀၀နူန်း ပေးနေရ

ကျောက်ဖြူမြို့တွင် လျှပ်စစ် ဓာတ်အား ပိုမို ရရှိတော့မည်ပြောပေမယ့်လက်ရှိမှာ မီးတယူနစ်၅၀၀နူန်း ပေးနေရ==========

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အား ၁၉၅၄ ခုနှစ်ခန့်ကစ၍ ၅၅ ကီလိုဝပ် မီးစက်ဖြင့် မီးသုံးသူ ၁ဝ၄ ဦးအား စတင်ဓာတ်အားဖြန့်ဖြူးပေးရာမှ ၂ဝ၁၂ ခုနှစ်တွင် ၂၈ဝ၉ ဦး ရှိလာပြီး ၁ဝဝဝ ကေဗွီအေ မီးစက်တစ်လုံး၊ ၅ဝဝ ကေ ဗွီအေ မီးစက် တစ်လုံး တို့ဖြင့် ဌာနက တစ်ရက်လျှင် ၂ နာရီစာ ဆီဖိုးကျခံပြီး မြို့မီးလင်းရေး ကော်မတီ အစီအစဉ်ဖြင့် တစ်ရက်လျှင် (၁၇) နာရီ ဓာတ်အားပေးလျက် ရှိသည်။ကျောက်ဖြူမြို့၏ တိုးတက်လာသော လူနေမှု စနစ်နှင့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာမှုနှင့် အညီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ပိုမို ကောင်းမွန်အောင် လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနက စီစဉ် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ဆန်းမှစ၍ ကျောက်ဖြူမြို့ရှိ ဓာတ်အား မရရှိသေးသော ရပ်ကွက် များနှင့် အနီးပတ် ဝန်းကျင်ရွာ များကို ဓာတ်အားတိုးချဲ့ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် Welt Man အမျိုးအစား ၁ဝဝဝ ကေဗွီအေ မီးစက် တစ်လုံး၊ တွဲဖက် အသုံးပြုမည့် ၄ဝဝ/ ၁၁ဝဝဝ ဗို့ ၁ဝဝဝ ကေဗွီအေ ထရန် စဖော်မာနှင့် စက်ပစ္စည်း များကို ထပ်မံ တိုးချဲ့ တပ်ဆင်လျက် ရှိသည်။ ဓာတ်အား လိုင်းသစ်များ တိုးချဲ့ခြင်း အနေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၉ ဒသမ ၈၂ မိုင်၊ ၄ဝဝ ဗို့ဓာတ်အားလိုင်း ၁၄ ဒသမ ၇၇ မိုင်နှင့် ၁၁/သုည ဒသမ ၄ ကေဗွီ ထရန် စဖော်မာ ၁၆ လုံးကိုလည်း စတင် တည်ဆောက်လျက် ရှိသည်။

လက်ရှိ သက်တမ်း ကာလ ကြာမြင့်သော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃ ဒသမ ၁၁ မိုင်၊ ၄ဝဝ ဗို့ဓာတ်အားလိုင်း ၁၁ မိုင် ကိုလည်း အစားထိုး တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် မတ်လဆန်း ခန့်တွင် ပြီးစီး မည် ဖြစ်၍ အဆိုပါ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲ ရုံများ တိုးချဲ့ တည်ဆောက် ပြီးပါက တစ်မြို့လုံး ဓာတ်အား ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။သို့သော်လည်း ယခုအချိန်တွင် ကျောက်ဖြူမြို့၌ လျှပ်စစ် ဓာတ်အား ပိုမို ရရှိတော့မည်ပြောသိရသော်လည်း လက်ရှိမှာ မီးတယူနစ်၅၀၀နူန်း ပေးနေရသေးကြောင်း သိရှိရပါသည်။

မြ၀တီ

SHARE THIS