ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။
မြန်မာနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံလူ့အခွင့်
အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
မစ္စတာကွင်တားနားသည် ၎င်း၏ ၅ရက်ကြာခရီးစဉ်ဖြင့်
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့သွားရောက်လေ့လာ
မှုများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ရက်နေ့ ည ၆နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်အရေးကိစ္စနှင့်ပတ်သက်၍ အဖွဲ့နှစ်ခုအား နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဥပဒေကို လက်ခံသဘော
ပေါက်စေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။
ကွင်တားနား၏ ငါးရက်ကြာခရီးစဉ်၌ ၁၅ရက်နှင့် ၁၆ရက်
နေ့တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်တို့ရှိ ဒုက္ခသည်စခန်းများအား သွားရောက်လေ့လာခဲ့ရာ မြစ်ကြီးနား
မြို့ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ကြောင်း
သိရသည်။
ထို့နောက် ၎င်းသည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်
သက်၍လည်း စစ်တွေ၊ မြေပုံနှင့် ပေါက်တောမြို့များရှိ
ရခိုင်နှင့် မွတ်စလင်ဒုက္ခသည်စခန်းများသို့ သွားရောက်
လေ့လာကာ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အား ပြောကြား
ထားကြောင်း သိရသည်။
ထို့ပြင် ယခုလို ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်
အဖွဲ့အစည်းများ သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း
အသီးသီးမှ ခေါင်းဆောင်များမှ ကောင်းမွန်သည့်ဖြေရှင်းမှုများ
ရရန် ဆောင်ရွက်သင့်ကြောင်းနှင့် အခြားတစ်ဖက်ဖြစ်သည့် ရိုဟင်ဂျာအဖွဲ့အစည်းများအပါအဝင် အခြေခံညီတူညီမျှရှိရှိ
ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာကွင်တားနားသည် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှစတင်၍ ၇ကြိမ်မြောက်အဖြစ် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
The Myanma Age
မြန်မာနိုင်ငံသို့ရောက်ရှိနေသော
အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
မစ္စတာကွင်တားနားသည် ၎င်း၏ ၅ရက်ကြာခရီးစဉ်ဖြင့်
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်သို့သွားရောက်လေ့လာ
မှုများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၁၆ရက်နေ့ ည ၆နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ကချင်အရေးကိစ္စနှင့်ပတ်သက်၍ အဖွဲ့နှစ်ခုအား နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဥပဒေကို လက်ခံသဘော
ပေါက်စေလိုကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။
ကွင်တားနား၏ ငါးရက်ကြာခရီးစဉ်၌ ၁၅ရက်နှင့် ၁၆ရက်
နေ့တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်တို့ရှိ ဒုက္ခသည်စခန်းများအား သွားရောက်လေ့လာခဲ့ရာ မြစ်ကြီးနား
မြို့ရှိ အကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ကြောင်း
သိရသည်။
ထို့နောက် ၎င်းသည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်
သက်၍လည်း စစ်တွေ၊ မြေပုံနှင့် ပေါက်တောမြို့များရှိ
ရခိုင်နှင့် မွတ်စလင်ဒုက္ခသည်စခန်းများသို့ သွားရောက်
လေ့လာကာ ကျန်းမာရေးစောင့်ရှောက်မှုများနှ
ထားကြောင်း သိရသည်။
ထို့ပြင် ယခုလို ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်
အဖွဲ့အစည်းများ သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း
အသီးသီးမှ ခေါင်းဆောင်များမှ ကောင်းမွန်သည့်ဖြေရှင်းမှုများ
ရရန် ဆောင်ရွက်သင့်ကြောင်းနှင့် အခြားတစ်ဖက်ဖြစ်သည့် ရိုဟင်ဂျာအဖွဲ့အစည်းများအပါအဝင်
ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင
The Myanma Age