မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပစ္ဆိမာရုံစာသင်တိုက် (၁)
မျက်စိဆေးခန်းသို့ ၄.၂.၂၀၁၃ ညနေ (၅)နာရီ ၃၀ မိနစ် အချိန်တွင်
ငွေလှူဒါန်းရန် မိခင်ဖြစ်သူ ဒေါ်တင်တင်လှ နှင့်အဖော်ပါ တစ်ဦး၊ သားဖြစ်သူ
ကိုစိုးမင်းသူ အသက်(၃၂)နှစ် တို့ သွားရောက်ခဲ့ပါသည်။ သားဖြစ်သူမှာ
ဘုန်းကြီးကျောင်းအတွင်းသို့ ရှေ့မှ စက်ဘီးစီးကာဝင်ရောက်သဖြင့်
ဘုန်းကြီးကျောင်းနေ လူ ၂ ဦးမှ “စက်ဘီးစီး၍ ၀င်ရမလားဟု” ပြောကာ တုတ်ဖြင့်
ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ရာ
ဦးခေါင်းတွင် စုစုပေါင်းအချက် (၃၀) ခန့်ချုပ်ရပြီး လက် ၂ ဖက်စလုံး
ကျိုးခဲ့ပါသည်။ဒဏ်ရာများကို ကျောင်းဝန်းအတွင်းနေ ဆေးခန်းရှိ ဆေးမှူးအား
အကြောင်းအရာ မပြောဘဲ ချုပ်ခိုင်းခဲ့ပါသည်။ထို့နောက် ဘုန်းကြီးကျောင်းနေ
လူများက ဘုန်းကြီးကားဖြင့်  အပြင်ဆေးခန်းတွင် လိုက်လံပြသရာ လက်မခံသဖြင့်
ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။နောက်နေ့ နံနက် ဆေးရုံရှိ အရိုးအထူးကု
ဆရာဝန်နှင့် ဓာတ်မှန်ရိုက်ကြည့်ရာ ဘယ်လက်နှင့် ညာလက် နှစ်ဖက်စလုံး
ကျိုးနေသည်ဟု သိရှိရပြီး လက်ရှိလူနာမှာ ခါးကုန်းနေပြီး ညှပ်ရိုးဖူးရောင်ကာ သေလုမျောပါးဖြစ်နေကြောင်းသိရှိရပါသည်။အလားတူ
သေလုမျောပါးဖြစ်ရပ်မျိုး ယခင်ကလည်း အကြိမ်ပေါင်းများစွာ
ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင်နေထိုင်သူများက
ပြောပြခဲ့ပါသည်။အလားတူ ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရန်
မင်းမဲ့စရိုက်ဆန်ဆန် ဆိုးသွမ်းနေသော ဘုန်းကြီးကျောင်းအတွင်းနေ လူတစ်စုအား
တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
Credit to :Maw Gyun City
Credit to :Maw Gyun City