“မာလီစစ်ပွဲ တိုက်ခိုက်ရေးကဏ္ဍတွင် အမေရိကန် ပါဝင်မည်မဟုတ်”

Friday, 15 February 2013

မာလီစစ်ပွဲတွင် အမေရိကန် ပြည်ထောင်စုက တိုက်ခိုက်ရေးကဏ္ဍထိ ပါဝင်စွက်ဖက်မည် မဟုတ်ကြောင်း အမေရိကန် အစိုးရက အတည်ပြု
ကြေညာခဲ့သည်။ သမ္မတ ဘာရတ်အိုဘားမား အစိုးရအဖွဲ့၏ စစ်မဟာမိတ်
ပြင်သစ်သည် အာဖရိကတိုက်ရှိ ဒီမိုကရေစီ ထွန်းကားရာ မာလီနိုင်ငံတွင် အစိုးရကို ရန်ပြုလာသည့် ဘာသာရေးအစွန်းရောက် သူပုန်တပ်များကို မာလီတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်လျှက်ရှိသည်

အမေရိကန် အနေဖြင့် မာလီကို ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်
ဖြစ်သော်လည်း တိုက်ခိုက်ရေး ကဏ္ဍတွင်ပါ တိုက်ရိုက် ပါဝင်ရန် ဆန္ဒမရှိဟု အိမ်ဖြူတော်က ပြောကြားသွားသည်။

သို့တိုင်အောင် မာလီတွင် ရှိနေသည့် အမေရိကန် စစ်ဘက် အကြံပေး ထိပ်တန်း အရာရှိ တစ်ဦးကမူ အမေရိကန် အနေဖြင့် မာလီစစ်ပွဲတွင် မဖြစ်မနေ ပါဝင်ဆင်နွှဲရမည့် အလားအလာများ ရှိနေကြောင်း မှတ်ချက်ပြု
ခဲ့သေးသည်။

Planet Myanmar Network


SHARE THIS