စစ်တွေနှင့် ပေါက်တော ဘင်္ဂါလီ လူဦးရေ ထိန်းချုပ်မည်



ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်တို့တွင် ဘင်္ဂါလီများကို လူဦးရေ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြား သည်။

ဒေသန္တရ အမိန်ထုတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

စစ်တွေမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်ညို ၏ “ရခိုင်ပြည် နယ် အစိုးရအဖွဲ့အနေဖြင့်စစ်တွေမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ နယ်မြေ ၂ ခု၊ စခန်း ၆ ခု အတွက် တိုင်းတစ်ပါးသား လူဦးရေထိန်းချုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန် ပေးရန် အစီအစဉ်ရှိ၊ မရှိ ” မေးခွန်းကို ၄င်းက ယင်းသို့ ဖြေဆိုခြင်းဖြစ်သည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့ နယ်များတွင် တိုင်းရင်းသား မဟုတ်သော တိုင်းတစ်ပါးသား လူဦးရေ မှာ ဒေသခံ တိုင်းရင်းသားများ၏ လူဦးရေများကို ကျော်လွန်ပြီး စိုးမိုးနေ ရကြောင်း ဦးမောင်ညို က ဆိုသည်။

“လူဦးရေပျံ့ပွားမှုနှုန်းမှာ စိုးရိမ်စရာပဲ“ စု ၄င်းက ပြည်သူ့လွှတ်တော်ကို တင်ပြသည်။

နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမဝင် ဝင်ထွက် နေမှုများကို ထိန်းချုပ်ကာကွယ်ရန် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်က နယ်မြေရုံး ၉ ခု၊ စခန်း ၂၆ ခုနဲ့ ဖွင့်လှစ်ထားကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။

သို့သော်လည်း တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး စစ်တွေမြို့အရှေ့ဘက်ရှိ ဆင်တက်မော်မြစ်၊ ဖားကူးမြစ်နှင့် ကျွဲကူးမြစ်တို့မှ တစ်ဆင့် ရေကြောင်းက ခိုးဝင်မှုများရှိလာ၍ စစ်တွေမြို့၌ နယ်မြေရုံး ၁ ရုံးနဲ့ စခန်း ၂ ခု၊ ပေါက်တော မြို့နယ်မှာလည်း နယ်မြေရုံး ၁ ရုံးနှင့် စခန်း ၂ ခု စုစုပေါင်း နယ်မြေရုံး ၂ ရုံးနှင့် စခန်း ၄ ခုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။

From : 
Rakhine Citizen Journalists

SHARE THIS