မြွေကောင်ရေ ငါးထောင်နီးပါး တရုတ်မြန်မာနယ်စပ်မှာ ဖမ်းမိ

မြွေ အရှင် ၄,၈၁၅ ကောင် ထည့်ထားတဲ့ သေတ္တာ အလုံး ၂ဝဝ နီးပါးကို တရုတ်မြန်မာနယ်စပ် ရွှေလီမြို့နားမှာ ဖမ်းမိကြောင်း တရုတ်အာဏာပိုင်တို့က ပြောပါတယ်။
သောကြာနေ့မနက် ၄းဝဝ နာရီ ဝန်းကျင်မှာ ဖမ်းမိတယ်၊ မြွေတွေရဲ့ စုစုပေါင်း အလေးချိန်က လေးတန်နီးပါး ရှိပါတယ် တဲ့။

မြွေဟောက်၊ မြွေပွေး၊ လင်းမြွေ အမျိုးအစားတွေပါ။

လင်းမြွေ ၂,၂၆၄ ကောင်
မြွေဟောက် ၂၃ဝ
မြွေပွေး ၂,၃၂၁ ကောင်


မျိုးသုဉ်းမယ့်အန္တရာယ်ကျရောက်နေတဲ့မြွေအမျိုးအစားဆိုရင် ရောင်းချတာ၊ သယ်ယူပို့ဆောင်တာမျိုးက တရုတ်ပြည်မှာ တရားမ၀င်ပါဘူး။ (ရှားပါးမြွေမဟုတ်ရင် ရောင်းလို့ရ၊ သယ်/ပို့လို့ရဟန်တူပါတယ်)

တရုတ်နိုင်ငံမှာ မြွေသားဟင်းက ပေါ်ပြူလာဖြစ်ပါတယ်။ မြွေမွေးမြူရေးလုပ်ငန်းကလည်း အတော် ဟန်ကျမယ့် စီးပွားရေးဖြစ်ပါလိမ့်မယ်။

မြွေတွေထဲက တချို့ကို တောထဲ သွားလွှတ်မယ်လို့ သိရကြောင်း တရုတ်နိုင်ငံ သတင်းဌာနတခုက ရေးပါတယ်။

မြွေ ၄ တန် အမှုမှာ လူတယောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုတယ်။ မြွေကားမောင်းသူဖြစ်ဟန်တူပါတယ်။
မှ ဧရာဝတီသတင်း

မြွေကောင်ရေ ငါးထောင်နီးပါး တရုတ်မြန်မာနယ်စပ်မှာ ဖမ်းမိ

Tuesday, February 26, 2013  zarny win  
 
မြွေ အရှင် ၄,၈၁၅ ကောင် ထည့်ထားတဲ့ သေတ္တာ အလုံး ၂ဝဝ နီးပါးကို တရုတ်မြန်မာနယ်စပ် ရွှေလီမြို့နားမှာ   ဖမ်းမိကြောင်း တရုတ်အာဏာပိုင်တို့က ပြောပါတယ်။
သောကြာနေ့မနက် ၄းဝဝ နာရီ ဝန်းကျင်မှာ ဖမ်းမိတယ်၊ မြွေတွေရဲ့ စုစုပေါင်း အလေးချိန်က လေးတန်နီးပါး ရှိပါတယ် တဲ့။

မြွေဟောက်၊ မြွေပွေး၊ လင်းမြွေ အမျိုးအစားတွေပါ။

    လင်းမြွေ ၂,၂၆၄ ကောင်
    မြွေဟောက် ၂၃ဝ
    မြွေပွေး ၂,၃၂၁ ကောင်


မျိုးသုဉ်းမယ့်အန္တရာယ်ကျရောက်နေတဲ့မြွေအမျိုးအစားဆိုရင် ရောင်းချတာ၊ သယ်ယူပို့ဆောင်တာမျိုးက တရုတ်ပြည်မှာ တရားမ၀င်ပါဘူး။ (ရှားပါးမြွေမဟုတ်ရင် ရောင်းလို့ရ၊ သယ်/ပို့လို့ရဟန်တူပါတယ်)

တရုတ်နိုင်ငံမှာ မြွေသားဟင်းက ပေါ်ပြူလာဖြစ်ပါတယ်။ မြွေမွေးမြူရေးလုပ်ငန်းကလည်း အတော် ဟန်ကျမယ့် စီးပွားရေးဖြစ်ပါလိမ့်မယ်။
 
မြွေတွေထဲက တချို့ကို တောထဲ သွားလွှတ်မယ်လို့ သိရကြောင်း တရုတ်နိုင်ငံ သတင်းဌာနတခုက ရေးပါတယ်။

မြွေ ၄ တန် အမှုမှာ လူတယောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုတယ်။ မြွေကားမောင်းသူဖြစ်ဟန်တူပါတယ်။


အေးချမ်းမွန်မှ  ဧရာဝတီသတင်း  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

SHARE THIS