နျူကလီးယားစမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား သတင်းထုတ်ပြန်

Tuesday, February 12, 2013

တတိယမြောက် နျူကလီးယားစမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ
ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) ထုတ်ပြန်ပြောကြားလိုက်သည်။ မြောက်ကိုရီးယား၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားနိုင်ငံက ချက်ချင်းပင် ရှုတ်ချလိုက်သည်။

တတိယမြောက် နျူကလီးယားစမ်းသပ်မှုမှာ အောင်မြင်ခဲ့သည်ဟု
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA (Korean Central News Agency) က သတင်းထုတ်လွှင့်ခြင်းဖြစ်သည်။ နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရခြင်းမှာ အမေရိကန်၏ အကြောင်းမဲ့ရန်လိုနေမှုကို ဆန့်ကျင်၍ မိမိတို့၏
နိုင်ငံလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်ဖြစ်ကြောင်း
KCNA က ပြောကြားသည်။

Planet Myanmar Network

SHARE THIS
Previous Post
Next Post