နှစ်သန်းပေါင်း ၅၂ဝ သက်တမ်းရှိ ပင်လယ်နေ သတ္တဝါ တစ်ကောင်၏ ပုံစံမပျက်
ကျန်ရှိနေသော ကျောက် ဖြစ် ရုပ်ကြွင်းကို ဗြိတိန်နိုင်ငံ ကိန်းဘရစ်
တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင် ပိုင်း
ကူမင်းမြို့ ဝန်းကျင်တွင် တူးဖော် ရရှိခဲ့သည်။ အဆိုပါ ရုပ်ကြွင်းသည်
မြင်တွေ့ ဖူးသမျှ အစောပိုင်း ကာလ အခွံမာ သတ္တဝါ ရုပ်ကြွင်းအုပ်စုများ အနက်
တစ်ခုဖြစ်သည်ကို သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။ ထို့ပြင် ၎င်း
သတ္တဝါ၏ ဦးခေါင်းအောက်ခြေတွင် ဆန့်ထုတ်နိုင်ေ သာ လက်တံများ ပါရှိပြီး
အာရုံခံ စနစ်များလည်း ပါဝင်သည်ကို တွေ့ရသည်။ ထိုသတ္တဝါ မျိုးသည် ပင်လယ်
ရေအောက်ကြမ်းပြင် တစ် လျှောက်တွင် တွားသွားလေ့ရှိပြီး ၎င်း၏ ပါးစပ် အတွင်းသို့
အစားအစာများ ထည့်သွင်းရာတွင် ထိုလက်တံ များကို အသုံးပြုလေ့ ရှိသည်။
ရှေးကျသော အခွံမာ သတ္တဝါများတွင် လက်တံ တွေ့ရှိခြင်းသည် အခွံမာ ရေနေ
သတ္တဝါများနှင့် အင်းဆက် ပိုးမွှားများ အပါအဝင်အခွံမာ သတ္တဝါများ၏ ဆင့်ကဲ
ပြောင်းလဲမှု သမိုင်း ကို ပြောင်းလဲ သွားနိုင်ဖွယ် ရှိသည်ကို တွေ့ရသည်။
အင်းဆက် ပိုးမွှားများနှင့် ပင့်ကူများ ကဲ့သို့ အခွံမာ သတ္တဝါ အုပ်စုများ ကို
အမျိုးအစား ခွဲခြားရန် အတွက် ၎င်းတို့၏ ကိုယ်ခန္ဓာ အင်္ဂါ အစိတ်အပိုင်း
အဖွဲ့အစည်း များကို ဇီဝဗေဒ ပညာရှင်များက လေ့လာမှုများ ပြုလုပ် ခဲ့ကြသည်။
ကမ္ဘာပေါ်ရှိ အခွံမာ သတ္တဝါ မျိုးကွဲ အုပ်စုများ၏ ဆက်စပ်မှုများနှင့် ဆင့်ကဲ
ပြောင်းလဲမှု ဖြစ်စဉ်များကို ပြန်လည် ပုံဖော်မှုများ ပြုလုပ်ရာ၌ မှီငြမ်း
ကိုးကားရာတွင် အဆိုပါ လေ့လာမှုသည် များစွာ အထောက်အကူ ပြုကြောင်း ဗြိတိန်
နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ သိပ္ပံပညာရှင် ဂျာဗီရာ အော်တီဂါ-ဟန်နန်ဒက်ဇ်က
ပြောကြားထားသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
“ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး” ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော
ဘုရင့်နောင် ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ၇ဝ ရာခိုင်နှုန်း ပြီးစီး Friday, June 21, 2013 ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တောင့်မှု ပြေလျော့စေရေး အတွက် တည်ဆောက်နေသော
၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်တွင် ထပ်မံဆောက်လုပ်ခွင့်ပြု Tuesday, July 16, 2013 ၂၄ ထပ်အမြင့်ရှိ အဆောက်အအုံ တစ်လုံးအား တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊
တယ်လီဖုန်းပေါ် ရောက်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဇူလိုင်လ ၁၅ ရက် ၂၀၁၃ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်း တယ်လီဖုန်းဆိုတာ လူတိုင်းအတွက် အသုံးအဆောင
ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ Tuesday, July 16, 2013 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်
မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည် Saturday, June 15, 2013 မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)