လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ နိုင်ငံတော် သမ္မတထံတင်သွင်း

.
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ 
အပြီးသတ်အစီရင်ခံစာ နိုင်ငံတော် သမ္မတထံတင်သွင်း
Monday, March 11, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ၎င်းတို့ရဲ့ အပြီးသတ်အစီရင်ခံ စာကို ဒီနေ့ ညနေ လေးနာရီခွဲမှာ နိုင်ငံတော် 
သမ္မတထံ တင်သွင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအပြည့်အစုံကို မနက်ဖြန်ထုတ်နေ့စဉ်သတင်းစာများမှာ
ဖော်ပြ ပေးမှာဖြစ်ပါတယ်။

စုံစမ်းရေးစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အကောင်အထည်
ဖော်ဆောင်ရွက်ဖို့အတွက် ကော်မတီတစ်ရပ်ကိုလည်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ၂၈/ ၂၀၁၃ နဲ့ ဖွဲ့စည်းပေးခဲ့ ပါတယ်။

အထက်ပါအမိန့်ကြော်ငြာစာအပြည့်အစုံကိုလည်း မနက်ဖြန်ထုတ်
နေ့စဉ် သတင်းစာများမှာဖော်ပြပေးမှာဖြစ်ပါတယ်။

Ye Htut
(ပြန်ကြားရေး ဒုတိယဝန်ကြီး)

SHARE THIS