ထက်မြက်
လူလတ်ပိုင်း အရွယ်နှင့် နောက်ပိုင်းတွင် ဆေးလိပ် ဖြတ်ပါက ကျန်းမာရေး အတွက် ကောင်းကျိုးများစွာ ရရှိ နိုင်သေးကြောင်း လေ့လာ တွေ့ရှိမှု အရ သိရသည်။
ဘဝ တစ်လျှောက်လုံး ဆေးလိပ် သောက်သုံး လာခဲ့သည့် သူများ နောက်ပိုင်းတွင် ဆေးလိပ် ဖြတ်ပါက ငါးနှစ်အတွင်း လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွား မှု ၄ဝ ရာခိုင်နှုန်း လျှော့ချ ပေးနိုင်ကြောင်း တွေ့ရသည်။ သုတေသီ များက အသက် ၅ဝ နှစ်နှင့် ၇၄ နှစ် အရွယ်ရှိ ဂျာမနီ ပြည်သူ ၉ဝဝဝ ခန့်အား ၁ဝ နှစ်ကြာ လေ့လာ ခဲ့ရာ မှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အသက်အရွယ် ကြီးရင့် လာသူများ ပင်လျှင် ၎င်းတို့၏ ခန္ဓာကိုယ် ထိခိုက် ပျက်စီးမှုမှ တွန်းလှန် နိုင်ကြောင်း သိရသည်။
ဂျာမန် သုတေသန ဌာနမှ ပါမောက္ခ ဟာမန်ဘရန်နာနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များသည် ဆေးလိပ် သောက်သုံးသူ များနှင့် ဆေးလိပ် မသောက်သူများ အား နှိုင်းယှဉ် လေ့လာ ခဲ့ရာ ဆေးလိပ်သောက်သော သူများသည် ဆေးလိပ် မသောက်သော သူများထက် နှလုံးရောဂါ ဖြစ်ပွားမှု နှစ်ဆ များကြောင်း တွေ့ရသည်။ သို့သော်လည်း ယခင်က ဆေးလိပ် ပုံမှန် သောက်သုံးသူ များသည် ၎င်းနှင့် သက်တူရွယ်တူ ဆေးလိပ် မသောက်သူများ နည်းတူ ရောဂါ ဖြစ်ပွားမှု နှုန်း နည်းပါးကြောင်း တွေ့ရှိရသည်။ ဆေးလိပ် သောက်သူများ သည် ဆေးလိပ် မသောက်သော သူများ သို့မဟုတ် ဆေးလိပ် ဖြတ်ထားသော သူများထက် အသက်ငယ် ငယ်ဖြင့် နှလုံးရောဂါ ဖြစ်ပွား နိုင်ကြောင်း တွေ့ရသည်။
ကနေဒါ လူမျိုး ပညာရှင် များသည် အသက် ၄၄ နှစ် အရွယ်မှ ဆေးလိပ် ဖြတ်လျှင် ဆေးလိပ် မသောက် သည့်သူများ နီးပါး အသက်ရှည် နေထိုင်နိုင်ကြောင်း ယခုနှစ် အစောပိုင်းက ထုတ်ပြန် ကြေညာ ခဲ့သည်။ အသက် ၄ဝ မတိုင်ခင် ဆေးလိပ် ဖြတ်ခြင်းသည် ဆေးလိပ် ဆက်သောက်ခြင်းဖြင့် အသက် ၁ဝ နှစ် တိုနိုင်မှုအား ဟန့်တား နိုင်ပြီး သက်တမ်းစေ့ နေထိုင်နိုင်ကြောင်း သုတေသန ပညာရှင် ခေါင်းဆောင် ပါမောက္ခ ပရာ ဟက်ဂျာက တွေ့ရှိ ခဲ့သည်။
သုတေသန ပညာရှင် များသည် အသက် ၃၅ နှစ်နှင့် ၄၄ နှစ် အတွင်း ဆေးလိပ် ဖြတ်ပါက အသက် ၉ နှစ် ဆက်လက် ရှင်သန်နိုင်ပြီး အသက် ၄၅ နှစ်မှ ၅၄ နှစ် အတွင်းနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ် အတွင်း ဆေးလိပ် ဖြတ်ပါက အသက် ၆ နှစ်မှ ၄ နှစ်အထိ အသီးသီး ဆက်လက် ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
သုတေသန ပညာရှင်များက ''ဆေးလိပ်ဖြတ်လျှင် ဖြတ်ခြင်း သင်၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်များ ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်
''ဟုပြောကြားခဲ့သည်။ ။
http://bit.ly/13NzehP