မတ် ၁၀ ရက်၊ ၂၀၁၃
တရုတ်င်ငံတွင်းသို့ နယ်စပ်ယူနန်ပြည်နယ်မှတဆင့် ဝင်ရောက် လာသော မြန်မာဒုက္ခသည် အရေအတွက်မှာ အနည်းအပါးသာ
ရှိပြီး နယ်စပ်အခြေအနေမှာလည်း တည်ငြိမ်မှုရှိကြောင်း ယူနန်
ပြည်နယ်အုပ်ချုပ်ရေးမှူး လီကျီဟန်းက ပြောကြားလိုက်သည်။
အုပ်ချုပ်ရေးမှူး လီသည်ပေကျင်းတွင် တရုတ်ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ရောက်ပြီးနောက် မီဒီယာများ၏ စုံစမ်းမှုကို
ပြန်လည်ဖြေ ကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်
၎င်းက “တရုတ်ဘက်အခြမ်းမှာ ရှိနေတဲ့  မြန်မာဘက်က လူဦး
ရေက တစ်ထောင်အောက်ပဲ ရှိပါတယ် ။ ဒါဟာ မြန်မာဘက်မှာ
တိုက်ပွဲတွေ အပြင်း ထန်ဆုံးအချိန်က လူသုံးထောင်လောက် ဝင်ရောက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် နည်းပါတယ်။ နောက်တစ်ကြိမ်
မြန်မာဘက်က ဒုက္ခသည်တွေ ဝင်လာရင်လည်း သူတို့အတွက် အစားအစာနဲ့ နေထိုင်ရေးအတွက် လူသားချင်းစာနာထောက်
ထားတဲ့ အကူအညီတွေကို ဗဟိုအစိုးရရဲ့ ညွှန် ကြားမှုနဲ့အညီ
ပေးအပ်သွားမှာပါ” ဟုပြောကြားသည်။
မြန်မာတွင် ၂၀၁၁ ဇွန်မှစ၍ ကချင်ပြည်နယ်တွင် ကချင်လွတ်
မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာစစ်တပ်တို့
တိုက်ပွဲများ တင် ဖြစ်ပွားပြီးနောက် မြန်မာနယ်အတွင်းနေထိုင်
သူအများစုမှာ တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။
ပြည်နယ်အုပ်ချုပ်ရေးလီက မြန်မာတွင် ကချင်နှင့် အစိုးရတပ်
များ၏ ပဋိပက္ခမှာ ပြည်တွင်းရေးသာဖြစ်ကြောင်း ၊တရုတ်နှင့်
မြန်မာသည် အိမ်နီး ချင်းကောင်းများ ဖြစ်ကြောင်း ပြောကြား
ခဲ့သည်။
myanma age