ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၎
ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ကတုတ် ဘုရားကြီး ကျေးရွာ စက်မှုလယ်ယာ စနစ် ဧက ၁ဝဝ ဖော်ထုတ် ပြီးစီးခြင်းနှင့် တောင်သူ များသို့ လယ်ယာသုံး စက်ကိရိယာများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာ စကား ပြောကြားသည်။

ထို့နောက် တာဝန်ရှိ သူများက လယ်ယာမြေ ဖော်ထုတ်ပြီး ဧက ၁ဝဝ၊ ဒေါင်ဖန်း လက်တွန်း ထွန်စက် ၃၄ စီး၊ လက်ကိုင်ရှည် လက်တွန်း ထွန်စက် ၁၄ စီးနှင့် စပါးခြွေ လှေ့စက် ငါးစီးတို့ကို တောင် သူများထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေါင်ဖန်း လက်တွန်း ထွန်စက်များ၊ လက်ကိုင်ရှည် လက်တွန်း ထွန်စက်နှင့် စပါးခြွေ လှေ့စက် တို့ကို ကြည့်ရှု စစ်ဆေးပြီး ဒိုက်ဦးမြို့နယ် ပနွတ် ကျေး ရွာ၌ ကောလိယချောင်း တူးဖော်နေမှု၊ တောင်သူ ဦးသိန်းမြင့်၏ ပုလဲသွယ် နွေစပါး ၂၅၇ ဧက စိုက်ပျိုး အောင်မြင် ဖြစ်ထွန်း နေမှုနှင့် ရေနက်ကွင်းအား လယ်ယာ စိုက်ပျိုးမြေ အဖြစ် ဖော် ထုတ် ပြုပြင်နေမှု တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်း ရရှိသည်။

http://bit.ly/13zb4aC

ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်    မတ်    ၃

SHARE THIS