ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခြင်းဟာ သူ့ကို ပိုမိုကောင်းမွန်လာစေတယ်လို့ ဆိုတဲ့ ဒီဂီအာ


စပိန်လက်ရွေးစင် အသင်းကြီးရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားလေး ဒီဂီအာက အက်သလစ်တီကို မတ်ဒရစ် အသင်းမှ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့မှုဟာ သူ့ကို ပိုမိုကောင်းမွန်လာတဲ့ လူတစ်ယောက်အဖြစ် သာမက ကစားသမားကောင်း တစ်ယောက်အဖြစ်ပါ ပြောင်းလဲစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
"ဒီရာသီဟာ ကျွန်တော် အင်္ဂလန်မှာ ကျင်လည်တဲ့ ဒုတိယမြောက်ရာသီပါ။ ဒါဟာ ကျွန်တော့်ကို လူတစ်ယောက် အနေနဲ့ သာမက ကစားတစ်မားတစ်ယောက် အနေနဲ့ပါ ပြောင်းလဲစေခဲ့ပါတယ်" လို့ လက်ရှိမှာ လက်စွမ်းပြ ကစားနေတဲ့ ဒီဂီအာက သောကြာနေ့မှာ ဖင်လန် အသင်းနဲ့ ကစားရမယ့်ပွဲ နဲ့ လာမည့် အင်္ဂါနေ့မှာ ပြင်သစ်အသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မတိုင်ခင်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂)နှစ် အရွယ် ဂိုးသမားလေးဟာ အသင်းသစ်ကို ရောက်ရှိခါစမှာ အမှားများ ကျူးလွန်ခဲ့ပြီး ဝေဖန် ဖြစ်တင်မှုများကို ခံခဲ့ရပေမဲ့ ခုအခါမှာတော့ အသင်းနဲ့ အသားတကျ ဖြစ်လာပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ လက်စွမ်းမျိုးကို ပြသနေတာကြောင့် ယူနိုက်တက် အသင်းမှာ အပြိုင်ဂိုးသမား ဖြစ်တဲ့ လင်ဒီဂါတ် ထက်ပိုပြီး နေရာပေးခြင်း ခံနေရသလို စပိန်အသင်းကြီးရဲ့ ခေါ်ယူခြင်းကိုလည်း ခံခဲ့ရတာ ဖြစ်ပါတယ်။

Myanmar Manchester United

SHARE THIS