ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းရေးရရှိစေရန် မိုင်ပေါင်းများစွာကွာဝေးတဲ့
ရန်ကုန်တိုင်းဒေသကြီးကနေ ကချင်ပြည်နယ် လိုင်ဇာအထိ မိုင်ပေါင်းများစွာကို
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့စကားလို အပင်ပန်းအဆင်းရဲခံ နေပူကျဲထဲမှာ
ကိုယ့်မိသားစု ကိုယ့်ညီအစ်ကို မောင်နှမတွေရဲ့ စားဝတ်နေရေးကိုတောင်
မငဲ့ဘဲနဲ့ ဘယ်လိုအကျိုးကိုမှ မမျှော်ကိုးဘဲနဲ့ ချီတက်လာကြတာလို့ သိကြရတော့
မငြိမ်းချမ်းတဲ့ ၀ဋ်ဒုက္ခကို ခံစားနေရတဲ့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေအတွက်
ရှက်စရာကောင်းသည်ဟု ဝေဖန်သံတွေကြားခဲ့ရပါသည်။
ဒီလိုနဲ့ဘဲ ကိုရန်နိုင်ထွန်း ဦးစီး သံဃာ(၁၇)ပါးပါဝင်တဲ့ လမ်းလျှောက်ဆန္ဒပြ အင်အား(၁၃၁)ဦးဟာ မတ်လ(၁၂) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မနောကွင်းမျာရှိတဲ့ မဂျွယ်ခန်းမမှာ တည်းခိုရင်းကနေ ညဘက်အစည်းအဝေး လုပ်တော့ အဖွဲ့ခေါင်းဆောင် ကိုရန်နိုင်ထွန်းက အများပြည်သူရဲ့ လှူဒါန်းငွေစာရင်းရှင်းတမ်း ပြုလုပ်ချိန် စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံ ကိုစည်သူက သေသေချာချာရှင်းပြဖို့ ပြောချိန်မှာ ရန်နိုင်ထွန်းက ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူမှ ၀င်ရောက်စွက်ဖက်ဖို့ မလိုကြောင်း၊ ၄င်းကိစ္စသာဖြစ်ကြောင်း ပြန်ပြောရင်းနဲ့ အချင်းချင်းစကားများခဲ့ သည်ဟု သိရပါသည်။
ဒီအချိန်မှာ ကိုစည်သူရဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်ဝင်းက သူဟာငယ်စဉ်ကတည်းက မြစ်ကြီးနားဒေသကို ကျွမ်းကျင်သူ ဖြစ်လို့ သူ့စကားကိုနားထောင်ကြဖို့နဲ့ သားဖြစ်သူစည်သူကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးဖို့ ၀င်ပြော ရင်းကနေ အချေအတင်ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ ကိုစည်သူက သူ့နောက်လိုက်သူတစ်ဦးကို (၅)သိန်းပေးမယ်လို့ စည်းရုံးပြီး အင်အား(၁၀)ဦးခန့်စုဖွဲ့ကာ ကြိုတင်ချီတက်သွားသည်ဟု သိရပါသည်။
အဆိုပါငြိမ်းချမ်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့တွင် ရန်ကုန်မှ ကိုရန်နိုင်ထွန်းဦးစီး(၅)ဦးသာပါဝင်ပြီး
ကျန်သူများ မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ဖြစ်ကြောင်း၊
ချီတက်ရာလမ်းတစ်လျှောက်မှ ရရှိသည့်အလှူငွေများအား ခေါင်းဆောင် များမှ
မျှမျှတတခွဲပေးခြင်းမရှိဘဲ တာဝန်အလိုက်ခွဲဝေခြင်း၊ ဒုက္ခသည်စခန်းများအတွက်
လှူဒါန်းမှုများအပေါ် မကျေနပ် ကြခြင်း၊ ရန်နိုင်ထွန်းသည် လက်အောက်မှ
တင်ပြမှုများအပေါ် မဆောင်ရွက်ပေးခြင်းတို့ကြောင့် အချင်းချင်း စကားများ
ရန်ဖြစ်ကာ လိုင်ဇာရောက်ခါနီးမှ (၂)ဖွဲ့ကွဲသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်
ဒီလိုနဲ့ဘဲ ကိုရန်နိုင်ထွန်း ဦးစီး သံဃာ(၁၇)ပါးပါဝင်တဲ့ လမ်းလျှောက်ဆန္ဒပြ အင်အား(၁၃၁)ဦးဟာ မတ်လ(၁၂) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မနောကွင်းမျာရှိတဲ့ မဂျွယ်ခန်းမမှာ တည်းခိုရင်းကနေ ညဘက်အစည်းအဝေး လုပ်တော့ အဖွဲ့ခေါင်းဆောင် ကိုရန်နိုင်ထွန်းက အများပြည်သူရဲ့ လှူဒါန်းငွေစာရင်းရှင်းတမ်း ပြုလုပ်ချိန် စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခံ ကိုစည်သူက သေသေချာချာရှင်းပြဖို့ ပြောချိန်မှာ ရန်နိုင်ထွန်းက ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူမှ ၀င်ရောက်စွက်ဖက်ဖို့ မလိုကြောင်း၊ ၄င်းကိစ္စသာဖြစ်ကြောင်း ပြန်ပြောရင်းနဲ့ အချင်းချင်းစကားများခဲ့ သည်ဟု သိရပါသည်။
ဒီအချိန်မှာ ကိုစည်သူရဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်ဝင်းက သူဟာငယ်စဉ်ကတည်းက မြစ်ကြီးနားဒေသကို ကျွမ်းကျင်သူ ဖြစ်လို့ သူ့စကားကိုနားထောင်ကြဖို့နဲ့ သားဖြစ်သူစည်သူကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးဖို့ ၀င်ပြော ရင်းကနေ အချေအတင်ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ ကိုစည်သူက သူ့နောက်လိုက်သူတစ်ဦးကို (၅)သိန်းပေးမယ်လို့ စည်းရုံးပြီး အင်အား(၁၀)ဦးခန့်စုဖွဲ့ကာ ကြိုတင်ချီတက်သွားသည်ဟု သိရပါသည်။
အဆိုပါငြိမ်းချမ်းရေး လမ်းလျှောက်ဆန္ဒပြအဖွဲ့တွင် ရန်ကုန်မှ ကိုရန်နိုင်ထွန်းဦးစီး(၅)ဦးသာ