ကလေးစစ်သားများ မြန်မာနိုင်ငံတွင် အသုံးပြုနေကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကလေးငယ်အခွင့်အရေးကာကွယ်သူများ၊ လူ့အခွင့်အရေးလှုပ် ရှားသူများက မကြာခဏ ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်...
ယခုအခါ အဆိုပါစွပ်စွဲချက်များ မှန်ကန်ကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးက သက်သေအထောက်အထားများဖြင့် အခိုင်အမာ ထုတ်ဖော်ဝန်ခံလိုက်သည်...
ကလေးစစ်သားများမှာ မြန်မာအစိုးရစစ်တပ်တွင် အသုံးပြုနေခြင်းမဟုတ်ဘဲ အစိုးရအား လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အစည်းများတွင် အသုံး ပြုနေခြင်းသာ ဖြစ်သည်...
လတ်တလော ထွက်ပေါ်လာသော ဗီဒီယိုမှတ်တမ်းတွင် မင်းဌေးက အဆိုပါ သက်သေအထောက်အထားများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်...
ဗီဒီယိုမှာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာသို့ ရောက်ရှိ သွားခဲ့ရာ..မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ဂီတပညာရှင် ကိုရဲလွင်က အောင်ဆန်းစိတ်ဓါတ် အမည်ရ သီချင်းကို တီးခတ်ဖျော်ဖြေခဲ့ခြင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်...
ယင်းဗီဒီယိုဖိုင်တွင် သီချင်းနားထောင်နေကြသော ကလေးစစ်သားအများ အပြား ပါဝင်နေသည်....ယင်းဗီဒီယိုမှာ မြန်မာနိုင်ငံတွင် ကလေးစစ်သားများ သုံးစွဲမှုရှိနေသည်ကို တရားဝင် ၀န်ခံလိုက်ခြင်း ဖြစ်ပြီး သုံးစွဲနေသည်မှာလည်း အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်နေကြောင်း အထင်အရှား တွေ့မြင်နိုင်သည်...