လက်ပံတောင်းတောင် ဖြစ်ရပ်သည် တိုင်းရင်းသားများအတွက် သင်ခန်းစာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်အပြီး နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များမှ တိုင်းရင်းသားဒေသများအတွက် သင်ခန်းစာယူနိုင်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများက ပြောသည်။
သယံဇာတကကို အခြေခံသော လုပ်ငန်းများ တိုင်းရင်းသားဒေသ အသီးသီးတွင် ရှိနေခြင်းသည် ယခု လက်ပံတောင်းတောင် ဖြစ်ရပ် အ ပေါ် ၄င်း တို့အနေဖြင့်သတိပြု သင် ခန်းစာယူဖွယ် ပိုမိုဖြစ်စေသည်ဟု ယင်းအဖွဲ့အစည်းများက ဆိုသည်။ကရင်အမျိုးသား အစည်း အ ရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာ စိန်က လက်ရှိတွင် ကရင်ပြည်နယ် ၌ စီမံကိန်းသစ်များ လုပ်ဆောင်ရန် အတွက် လုပ်ငန်းရှင်များက နေ ပြည်တော်မှတစ်ဆင့် ၄င်းတို့ ကို ကမ်းလှမ်းလာသော်လည်း ရင်းမြစ် ခွဲဝေမှုဆိုင်ရာ ပြဿနာများဖြစ်ပွား လာမည်ကို စိုးရိမ်သည့် အတွက် စီမံကိန်းသစ်များကို လက်မခံသေး ကြောင်း ပြောသည်။”အခုဆိုရင် ပဏာမ အပစ် ရပ် အခြေအနေပဲ ရှိသေးတာလေ။ ကေအင်န်ယူအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းလည်း မရှိသေး ဘူး။ အဲဒီ လို ပြဿနာတွေ ဖြစ်လာမှာလည်း အများကြီးစိတ်ပူတာပေါ့” ဟု နော် စီဖိုးရာစိန်က ပြောသည်။ ကေအင်န်ယူနှင့် အစိုးရမှာ လက်ရှိအခြေ အနေတွင်ခိုင်မာသော အပစ်အခတ်ရပ်စဲရေးတည်ဆောက် နိုင်ရန် ကြိုးစားဆဲ ကာလဖြစ်ပြီး နှစ်ဖက်ထပ်မံတွေ့ဆုံရန် မူအရ သ ဘောတူထား ပြီးလည်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကလည်းလက်ပံတောင်းတောင် စီ မံကိန်းကိစ္စကို ၄င်းတို့ စောင့်ကြည့် နေကြောင်း၊ ၄င်းတို့ ရှမ်းပြည်နယ် တွင်လည်း သတ္တုတွင်းလုပ်ငန်းများ နှင့်ပတ်သက်၍ ဒေသခံများအကြား တွင် မကျေနပ်မှုများ ဖြစ်ပေါ်နေ သည့် သတင်းများ ထွက်ပေါ်နေ သည်ဟု ကြားသိရကြောင်း ပြော သည်။ထိုပြဿနာများကို လာမည့် ရှမ်းညီလာခံတွင် စုံစမ်းအဖြေရှာ မည်ဟုလည်း ၄င်းက ဆက်ပြော သည်။
”ကျွန်တော်တို့ ရှမ်းညီလာခံ က ဒီလ ၂ဝ ရက်ကနေ ၂၂ ရက် အထိ လုပ်မယ်။ ညီလာခံပြီးတာနဲ့ အဲဒီ ကိစ္စတွေကို ကျွန်တော်တို့ အ စည်းအဝေးမှာ ဆွေးနွေးပြီး ဖြေ ရှင်းဖို့ နည်းလမ်းရှာပါမယ်” ဟု ဦးခွန်ထွန်းဦးက ပြောသည်။ဖွံ့ဖြိုးရေးစီမံကိန်းများသည် တိုင်းရင်းသားနယ်မြေများတွင် ပိုမို အဖြစ်များပြီး သယံဇာတ ခွဲဝေမှု ပြ‼ဿနာလည်း ဖြစ်ပွားစေကြောင်း၊ ကြေးနီဖြစ်စေ၊ ဖားကန့် ဖြစ်စေ အားလုံးအတူတူပင် ဖြစ်ကြောင်း ညီညွတ်ေ သာ တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီမှ ခွန်ဥက္ကာ က ပြောသည်။လက်ရှိ ဖြစ်ပေါ်ခဲ့သော လက် ပံတောင်းတောင် အရေးနှင့် ပတ် သက်၍ ၄င်းတို့ တိုင်းရင်းသားများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူ စုံစမ်းနေ သော အခြေ အနေတွင် ဝင်ရောက် ပြောဆိုရန် ခက်ခဲခဲ့ကြောင်းလည်း ၄င်းကပြောသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက် ပံေ တာင်းတောင် ကြေးနီစီမံကိန်း ကို ဒေသခံများက ယမန်နှစ်မှစ၍ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းကာ စုံစမ်း စေခဲ့ခြင်းဖြစ်သည်။ ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အစီရင်ခံစာကို မကျေနပ်ြ ကသော ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

Popular Myanmar News Journal

=========================================

SHARE THIS