အစိုးရထိန်းချုပ်နယ်မြေရှိ ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်

ကချင်စစ်ဘေးကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းပြီး အစိုးရထိန်း ချုပ်နယ်မြေ ၌ ခိုလှုံနေသူများကို မူလနေရပ်သို့ ပြန်လည်ပို့ဆောင်တော့ မည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

KIO နှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးကော်မတီတို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေးပြီးနောက် ငြိမ်းချမ်း ရေးေ ရာင်ခြည်သန်းနေပြီ ဖြစ်သည့် အတွက် ပြန်ပို့မည့်အစီအစဉ်ကို အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့အစည်း များနှင့် ဆွေးနွေးမှုစတင်ပြုလုပ် နေပြီဟု ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါ်ဘောက်ဂျာက ဆိုသည်။”အခုဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေက အဖွဲ့အစည်းတွေနဲ့ နေ့တိုင်းတွေ့နေကြ ပါတယ်။ အဲဒီ ကိစ္စကို ဆောင်ရွက်ကြဖို့ပါ” ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လနောက်ပိုင်း အစိုးရထိန်းချုပ်မှု နယ်မြေဖြစ်သော မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် အစရှိသည့်နေရာတို့၌ ကယ်ဆယ် ရေးစခန်း ၁၁၂ ခုကို ဖွင့်လှစ်ထား ရာ ဒုက္ခသည်ဦးရေ ၃၈ဝဝဝ ရှိနေ သည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့စာရင်းမှသိရသည်။ဖားကန့်ဒေသကယ်ဆယ်ရေး စခန်းရောက်သူတစ်ဦးက ”ငြိမ်းချမ်း ရေးဆွေးနွေးတယ်လို့ကြားရင် ဘယ်တော့ပြန်ရမ လဲ နေ့တိုင်း တွေးနေ တာပါ” ဟု ပြောသည်။ စစ်ဘေးကြောင့် ထွက်ပြေးနေ ရသည့် ဒုက္ခသည်များမှာKIO ထိန်း ချုပ်နယ်မြေတွင် ဦးရေ ၇ဝဝဝဝ ခန့် ရှိကြောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီတွင် သတင်း ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် စစ်ရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လနောက်ပိုင်း အသွားအလာ ပြတ်တောက်ခဲ့သည့် အရှည် ၁၁၄ မိုင်ရှိသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းကို လည်း ယခုလ ၁၈ ရက်တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ထိုည ၇ နာရီတွင် ဘင်ကား သုံးစီး၊ ဟိုင်းလတ် နှစ်စီး စတင်ဖြတ်သန်းခဲ့ သည်ဟု ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက အတည်ပြုသည်။ ထို့အတူ ၂ဝ၁၁ ခုနှစ် ဇွန်လ မတိုင်ခင်ပိတ်သိမ်းသွား ခဲ့သော KIO ဆက်ဆံရေး ရုံးအား ပြန်လည်ဖွင့်လှစ်သွားနိုင်ရန်ရှင်း လင်းမှုတို့ ပြုလုပ်နေကြကြောင်း လည်း မျက်မြင်သက်သေ မြစ်ကြီး နားမြို့ခံတို့မှ သိရသည်။

Myawady News

=========================================

SHARE THIS