စွယ်စုံဆင် တစ်ကောင်ကို သတ်၍ အစွယ်ဖြတ် သွားသူများ ဖမ်းဆီး ရမိရေး စုံစမ်း ဆောင်ရွက်နေ

ပဲခူးတိုင်း ဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင် အနောက် သစ်တောကြိုးဝိုင်း အတွင်း ၂၄ မိုင်ခန့် အကွာ ဖြူကွန်း ကြိုးဝိုင်းတွင် မတ် ၁၆ ရက် မွန်းတည့် ၁၂ နာရီက မြန်မာ့သစ် လုပ်ငန်းပိုင် စွယ်စုံဆင်ထီး တစ်ကောင်အား သတ်ဖြတ်၍ အစွယ်ကို ဖြတ်ကာ ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူမြို့ မြန်မာ့သစ် လုပ်ငန်း လက်ထောက် မန်နေဂျာ ဦးကျော်မျိုးလင်းထံ ဖြူကွန်း ကြိုးဝိုင်း အကွက် အမှတ်(၈)တွင် တာဝန် ထမ်းဆောင်နေသူ ဆင်ခေါင်း ဦးစိုးဝင်းက ဖုန်းဖြင့် ဆက်သွယ်၍ သစ်လုပ်ငန်း ဌာနပိုင် ဆင်အမှတ်၅၁၄၂/ ၃၉ နှစ် ထီးစုံဆင် တစ်ကောင်သည် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ စအိုမှ သွေးထွက်၍ အစွယ်ဖြတ် ခံရပြီး သေဆုံး နေကြောင်း သတင်း ပို့သဖြင့် တာဝန် ရှိသူများမှ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် ဆင်၏အစွယ် အရှည် ၁ ပေ ၉ လက်မခန့်၊ လုံးပတ် ၁ ပေခန့်၊ အလေးချိန် ၁ဝ ပိဿာ ကာလတန်ဖိုး ငွေကျပ် သိန်း ၅ဝ ခန့်နှင့် ဆင်တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၂ဝဝ ခန့် ဆုံးရှုံး သွားသည့် အတွက် အုတ်တွင်း ရဲစခန်းတွင် တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၈၇/၂ဝ၁၃

ပြည်သူပိုင် ပစ္စည်းများ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၆၁ဖြင့် အမှုဖွင့်၍ စခန်းမှူး ရဲအုပ် သိန်းကျော်နှင့် တပ်ဖွဲ့ဝင် များက ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

http://bit.ly/WCGOrg

SHARE THIS