မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ ရွှေတောင် မြန်မာ စားသောက်ဆိုင်၌ မောင်ဇော်မိုးလွင်(ခ) ကျော်ကျော်လွင် နှင့် မသန်းသန်းမြင့်(ခ)မလေးတို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန်အတွင်း သတို့သမီး ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြော
ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲလုပ်နေတဲ့အချိန် ရုတ်တစ်ရက် သတို့သမီးဖြစ်တဲ့ မလေးကို ဓားနဲ့ထိုးခံရတဲ့အတွက် မင်္ဂလာခန်းမအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
သတို့သမီး မလေးမှာ ဗိုက်မှာဒဏ်ရာနဲ့ ဘယ်လက်ဖက်တို့မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။ သတို့သမီးကို အရေးပေါ် ကွာလာလမ်ပူဆေးရုံသို့ ပို့လိုက်ကြတယ်။ ဓားနဲ့ထိုးသူကို ခန်းမထဲက လူတွေချုပ်ထားလိုက်ပြီး " ရဲလက်ထဲ အပ်လိုက်တာကို တွေ့ရပါတယ်ဟု" အခင်းဖြစ်ပွားနေရာသို့ သွားရောက်သော ကိုအောင်မှ ဆိုသည်။
ဓားဖြင့် ဝင်ထိုးသူမှာ မင်းနိုင်(ခေါ်)ညီလုံး ဖြစ်ပြီး အခင်းဖြစ်ပွားရာနေတွင် လူအများမှ ရဲလက်သို့ အပ်ခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသော သတို့သမီးဖြစ်သူ မလေး အား၎င်းနေ့ ညအချိန် တစ်နာရီမှ စတင်၍ လိုအပ်သောခွဲ့စိတ်မှုများ ပြုလုပ်ခဲ့ကာ နေ့လည် ၁၁ နာရီအချိန်တွင် ခွဲစိတ်မှုပြီးဆုံးခဲ့သည်။ မလေး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လာပြီး ဆက်လက်၍ ဆေးကုမှု ခံယူနေကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးမှ
Myanmar Daily News