၁၁ လကြာမည့် သဲကန္တရ စိုက်ပျိုးရေး သင်တန်းသို့ သင်တန်း သားစေလွှတ် မည်

အစ္စရေးနိုင်ငံ သဲကန္တာရ စိုက်ပျိုးရေး သုတေသနအဖွဲ့ Ramat Negev Desert Agro Research Center စိုက်ပျိုးရေး နည်းပညာကိုစိတ်ဝင်စားသော မြန်မာနိုင်ငံ သား များအား သင်တန်းသားေ ခ်ါယူနေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ သိရသည်။

သင်တန်း တက်နေစဉ် ကာလအတွင်း အစ္စရေး နိုင်ငံ ဥပဒေအရ လစာ ရရှိမည် ဖြစ်ပြီး သင်တန်းကြေး နှင့် အသွား - အပြန် လေယာဉ်ခ များကို ရရှိသည့် လစာအတွင်းမှ ပြန်လည် ပေးသွင်း သွားရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထား သူသည် အသက် ၂၁ နှစ်မှ ၂၀ နှစ်အတွင်းရှိ သူဖြစ်ရမည် ဖြစ်ပြီး အမှန်တကယ် စိုက်ပျိုးရေး ပညာကို စိတ်ဝင်စား၍ တိုးတက်အောင် ဆောင်ရွက် လိုသူ ဖြစ်ရမည်။

စိုက်ပျိုးရေး နှင့် ပတ်သက်သည့် ဘွဲ့ရရှိထားသူ များသာမက အခြားဘွဲ့ တစ်ခုခု ရရှိပြီး စိုက်ပျိုးရေး အတွေ့အကြုံ ရှိသူ ၊ စိတ်ဝင်စားသူ များလည်း လျှောက်ထား နိုင်ကြောင်း နှင့် စိစစ် ရွေးချယ် စေလွှတ်မည် ဖြစ်ပြီး သင်တန်း ကာလမှာ ၁၁ လ ကြာမြင့်မည် ဖြစ်သည်။

သင်တန်း ကာလအတွင်း တစ်ပတ်လျှင် တစ်ရက် သီအိုရီ သင်ကြား ရမည် ဖြစ်ပြီး ကျန်ရက်များကို ဒေသတွင်း စိုက်ခင်း များ၌ သွားရောက် လက်တွေ့ လုပ်ကိုင် သင်ယူ ရမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက သုတေသန ဌာနမှ အသိအမှတ်ပြု အောင်လက်မှတ် ရရှိမည် ဖြစ်သည်။

စိတ်ပါဝင်စား သူများအနေဖြင့် လျှောက်လွှာ များကို ဧပြီလ ၂၄ ရက်နေ့
နောက်ဆုံး ထား ပေးပို့ ရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက် များ သိရှိလိုပါက မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၊ လှိုင်တက္ကသိုလ် နယ်မြေ ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၅၁၉ ၆၇၃ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

The Myawady Daily

မတ် ၁၆ ရက်၊ ၂၀၁၃

SHARE THIS