တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထွက်ပြေးမှု အလုံရဲစခန်းတွင်ဖြစ်ပွား

Friday, March 8, 2013

သက်ဆိုင်ရာ ရဲစခန်းအတွင်း တာဝန်ထမ်းဆောင်စဉ် ရဲတပ်သားတစ်ဦး ထွက်ပြေးမှု အလုံရဲစခန်းတွင် ယနေ့ မတ် ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ၎င်းစခန်းမှ သိရသည်။

ယင်းနေ့တာဝန်ကျ ရဲတပ်သား တစ်ဦးက “ထွက်ပြေးသွားတာ ရဲတပ်သားတစ်ဦးပါ။ အခုတော့ ရှာဖွေနေတုန်းပါ” ဟုသာ ဖြေကြားသည်။

ယခု ထွက်ပြေးသွားသူ ရဲတပ်သားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ မရှိသဖြင့် မဖြေဆိုနိုင်ကြောင်း တာဝန်ကျ ရဲတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသော ရဲပြေးစာရင်းတွင် ယခုဖြစ်စဉ် မတိုင်မီ အလုံမြို့နယ် ရဲစခန်းမှ ထွက်ပြေး ရဲတပ်သား ခုနစ်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

ဓာတ်ပုံ - အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မတ် ၈ ရက်က တွေ့ရစဉ်

Eleven Media Group

SHARE THIS