ပြည်တွင်းဖြစ် Sunkist အချိုရည် စတင်ဖြန့်ဖြူး ရောင်းချ

Sunday, March 10, 2013

ယမန်နေ့ ညနေ ၆ နာရီခွဲက unkist Launching Ceremony အခမ်းအနားကို အင်းယားလိတ် ဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ Sunkist Grower မှ Director of Global Licensing Mr. Dave Bolton၊ Myanmar Distribution Group (MDG) နှင့် Myanmar Beverage Company (MBC) မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မော်သိန်းနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား
ပြောကြားရာတွင် မိမိတို့ နိုင်ငံ၌ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကိုလည်း ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ အချိုရည် ဈေးကွက် တွင် Sunkist အချိုရည်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၁၇ နှစ် ကတည်းက သဘာဝ သစ်သီးများဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်း ဖြစ်သည်ကို သိရပြီး မြန်မာနိုင်ငံ၌လည်း
နှစ်ပေါင်း များစွာ ရင်းနှီးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက် ရင်းနှီးမြှုပ်နှံသည့် အတွက် ယနေ့ အချိန်မှ စပြီး မိမိတို့၏ လက်တစ်ကမ်း
မှာပင် သက်သာသော ဈေးနှုန်း၊ လတ်ဆတ်သော အရသာ တို့ကို အချိန်တိုင်း ရရှိမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

http://bit.ly/13NrlsG

မြ၀တီ

Like

SHARE THIS