အဓိကရုဏ်းဆန့်ကျင်ရေး စတစ်ကာ ဒုတိယအကြိမ် ဝေ

Monday, April 8, 2013

ဘာသာပေါင်းစုံ လူငယ်များ
စုစည်းထားသောPray for Myanmar Youth Network ၏ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ယနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဘာသာပေါင်းစုံ
လူငယ် သုံးဆယ်ကျော် ပါဝင်ပြီး “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ” စာတမ်းပါ စတစ်ကာများကို ဝေငှခဲ့ကြောင်းသိရသည်။ ဧပြီလ ၅ ရက်နေ့က Pray for
Myanmar Youth Network က လှည်းတန်း၊ မြေနီကုန်းနှင့် မင်္ဂလာဈေး စသည့် လူစည်ကားရာ နေရာများတွင် စတစ်ကာနှင့် တီရှပ်များ စတင်ဝေငှ၍ ငြိမ်းချမ်းရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။

ဧရာဝတီ

Published with Blogger-droid v2.0.10

SHARE THIS