ရခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ
ကျောက်ဆိပ်တောင်ကျေးရွာအုပ်စု နန်းရာကုန်း ကျေးရွာအနီးတွင် တည်ရှိသည့်
ဓာတ်တော်တောင် ဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်မှ
သင်္ကြန်အတက် ၁၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် စတုဒီတာ သင်္ကြန်အလှူပွဲတော်
စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကျောက်ဆိပ်တောင်ကျေးရွာအုပ်စု နန်းရာကုန်း ကျေးရွာအနီးတွင် တည်ရှိသည့် ဓာတ်တော်တောင်။တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကျောက်ဆိပ်တောင်ကျေးရွာအုပ်စု နန်းရာကုန်း ကျေးရွာအနီးတွင် တည်ရှိသည့် ဓာတ်တော်တောင်။
" ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ တန်းလွဲချောင်းဒေသဇာတိ လူငယ်တွေရဲ့ ထောက်ပံ့အလှူငွေတွေ၊ ဒေသခံတွေရဲ့ ကာယလုပ်အားအလှူတွေနဲ့ ဒီနှစ်သင်္ကြန် သုံးရက်ကာလမှာ စတုဒီတာသင်္ကြန် အလှူပွဲတော်ကို စည်စည်ကားကား ကျင်းပသွားကြမှာပါ။ " ဟု သင်္ကြန် အတက်နေ့အတွက် ဆရာတော် သံဃာတော်တွေနှင့် ဥပုဒ်သီလဆောက်တည်ကြမည့်သူများကို
အာရုဏ်၊ မွန်းတည့်ဆွမ်းနှင့် ညချမ်းအဖျော်ရည် တိုက်ကျွေးရန် တာဝန်ယူ
လှူဒါန်းထားသည့် တန်းလွဲချောင်းဒေမှ ဦးဖြူဖြူက အာရ်ကန်တိုင်းမ်စ်သို
့ပြောကြားသည်။
ဓာတ်တော်တောင် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များအပါအ၀င် အနီးအနားရှိ ကျေးရွာများမှ ပင့်ဖိတ်ထားသည့် သံဃာအပါး ၂၀ ကျော်ခန့်၊ ဥပုဒ်သီလဆောက်တည်ကြမည့်သူ ထောင်နီးပါးကြွရောက်လာနိုင်မည်ဟု
ခန့်မှန်းယာတားထားကြောင်းနှင့် စတုဒီတာ အလှူပွဲတော်ကို မှတ်တမ်းတင်
ဓာတ်ပုံဗွီဒီယိုရိုက်ကူးရန် ကျော်လွင်စိုး ဓာတ်ပုံနှင့်ဗွီဒီယို
ရိုက်ကူးရေးမှ မေတ္တာဖြင့် ပူးပေါင်းပါဝင် ကူမည်သွားမည်ဖြစ်ကြောင်း
ဦးဖြူဖြူက ဆက်လက်ပြောဆိုသည်။
သုံးရက်တိုင်တိုင် ကျင်းပမည့် အဆိုပါ ဘုန်းတော်ကြီးကျောင်း သင်္ကြန် စတုဒီတာ အလှူပွဲတော်သို့ ကျောက်ဆိပ်တောင်ကျေးရွာအုပ်စုနှင့်
ရွာမကျေးရွာအုပ်စု အနီးအနားတွင်တည်ရှိသည့် ရွှေပြည်သာ၊ ကျောင်းပြင်၊
ဝက်ကျိုက်ပြင်၊ ကျောက်ဆိပ်တောင်၊ မှန်စီတောင်၊ မော်လှမော်၊ ကူးတို့ ဆိပ်၊
ရွာသစ်နှင့် ရွာမကျေးရွာများမှ ဥပုဒ်သီလဆောက်တည်ရန် ကြွရောက်လာကြမည့်
ဥပုဒ်သည်များအတွက် ကူးတို့ လှေနှင့် တံတားကို နိဗ္ဗာန်ကူးတို့ တံတားအဖြစ်
ကူတို့ လှေနှင့်တံတား ကန်ထရိုက်ပိုင်ရှင် ဦးလူဖြူက အခမဲ့ပို
့ဆောင်ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တန်းလွဲချောင်းဒေသ ဓာတ်တော်တောင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ
ဘုရား စေတီ ပုထိုးများမှာ ရခိုင်ပြည် မြောက်ဦးခေတ် သမိုင်းဝင်ဘုရား
စေတီပုထိုးများဖြစ်၍ အလွန်လူသိထင်ရှားကာ အခါကြီးရက်ကြီးများတွင်
အနီးအနားရွာများမှ လူရာထောင်ချီ ဥပုဒ်သီလဆောက်တည်ရန် လာရောက်ကြကြောင်းလည်း
သိရှိရသည်။
Arakan times
တောင်ကုတ်မြို့နယ် တန်းလွဲချောင်းဒေသ ကျောက်ဆိပ်တောင်ကျေးရွာအုပ်စု နန်းရာကုန်း ကျေးရွာအနီးတွင် တည်ရှိသည့် ဓာတ်တော်တောင်။တောင်ကုတ်မြို့နယ
" ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ တန်းလွဲချောင်းဒေသဇာတိ လူငယ်တွေရဲ့ ထောက်ပံ့အလှူငွေတွေ၊ ဒေသခံတွေရဲ့ ကာယလုပ်အားအလှူတွေနဲ့ ဒီနှစ်သင်္ကြန် သုံးရက်ကာလမှာ စတုဒီတာသင်္ကြန် အလှူပွဲတော်ကို စည်စည်ကားကား ကျင်းပသွားကြမှာပါ။ " ဟု သင်္ကြန် အတက်နေ့အတွက် ဆရာတော် သံဃာတော်တွေနှင့် ဥပုဒ်သီလဆောက်တည်ကြမည့်သူများကိ
ဓာတ်တော်တောင် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များအပါအ၀င် အနီးအနားရှိ ကျေးရွာများမှ ပင့်ဖိတ်ထားသည့် သံဃာအပါး ၂၀ ကျော်ခန့်၊ ဥပုဒ်သီလဆောက်တည်ကြမည့်သူ ထောင်နီးပါးကြွရောက်လာနိုင်မည်ဟ
သုံးရက်တိုင်တိုင် ကျင်းပမည့် အဆိုပါ ဘုန်းတော်ကြီးကျောင်း သင်္ကြန် စတုဒီတာ အလှူပွဲတော်သို့ ကျောက်ဆိပ်တောင်ကျေးရွာအုပ်စုန
တန်းလွဲချောင်းဒေသ ဓာတ်တော်တောင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း
Arakan times