ပညာရေး ၀န်ကြီးဌာန ၊ အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန မှ ကြီးမှူး ကျင်းပသော
၂၀၁၃ ခုနှစ် နေ့စား ပညာရေး ၀န်ထမ်းများ ခန့်ထားရေး ရေးဖြေ စာမေးပွဲကို
ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျိုင်းတုံမြို့ ၊ အမှတ်(၄) အခြေခံ
ပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေးဖြေ စာမေးပွဲတွင် ဘွဲ့ရ ၊ မူလတန်းပြ ၊ အငယ်တန်း စာရေး ၊ ရုံးအကူ ၊ ကျောင်းစောင့် အဆင့်များ ခွဲပြီး ဘွဲ့ရ မူလတန်းပြ ၁၂၈ ဦး ၊ အငယ်တန်း စာရေး အဆင့် တက္ကသိုလ် ၀င်တန်းအောင် ၄၀ ဦး ၊ အထွေထွေ အဆင့် ၄၁ ဦး ၊ စုစုပေါင်း ၂၁၉ ဦး ၀င်ရောက် ဖြေဆို ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေးဖြေ စာမေးပွဲ ဖြေဆိုနေမှု အား ရှမ်းပြည်နယ် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး (ရုံးခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့် ခရိုင် / မြို့နယ် ပညာရေးမှူး တို့နှင့် အခြေခံ ပညာ အထက်တန်း ကျောင်း ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ ၊ ကျောင်းအုပ် ဆရာ ဆရာမများ မှ ကြပ်မတ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
http://bit.ly/XaetZN