မင်းပြားမြို့ ခွေးတောက်ချောင်း ကျေးရွာနေ ဦးကျော်သန်း ၃၈ နှစ်နှင့် ညီဖြစ်သူ အောင်ကျော်သန်း ၃ဝ နှစ်တို့သည် ဧပြီ ၂ဝ ရက် ညနေ ၅ နာရီက စကားများ ရန်ဖြစ်ကြစဉ် ညီ ဖြစ်သူအောင်ကျော်
သန်းက တုတ်နှင့်ရိုက်၍ဦးကျော်သန်း၏ ဦးခေါင်းခွံကွဲပြီး ဦးနှောက်များထွက်ကာ သေဆုံး သွားခဲ့သည်။
ဖြစ်စဉ်မှာ အစ်ကိုဖြစ်သူဦးကျော်သန်းသည် အရက် အလွန်အကျွံ သောက်စား မူးယစ်လျက် ရှိပြီး ညီဖြစ်သူ အောင်ကျော်သန်းအား ဆဲဆိုခြင်း၊ လက်
သီးဖြင့် ထိုးခြင်း၊ နိုင့်ထက် စီးနင်း ပြု၍ အမြဲရန်ရှာရာ သည်းမခံနိုင်၍ ညီဖြစ်သူ အောင်ကျော်သန်းက တုတ်နှင့် ရိုက်သတ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းပြားမြို့ ရဲစခန်းမှ (ပ)၈၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၂ အရ အမှုဖွင့်
ထားရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.com.mm/allnews/
crimenews/