စစ်တွေ ကုလားဦးရေ စိစစ်ရေး ပထမဆုံးနေ့ ဆူပူဆန့်ကျင်မှုများကြောင့် ရပ်ဆိုင်းလိုက်ရ

စစ်တွေ ၊ ၂၆ ဧပြီလ ၂၀၁၃ ၊

စစ်တွေမြို့နယ်အတွင်း ဆွဲ၊တင်၊စစ် ခေါ် ကုလားများကို မိသားစုအလိုက် ဓါတ်ပုံရိုက်မှတ်တမ်းတင်မည့် ပရိုဂရမ်ကို ယနေ့စတင်လုပ်ဆောင်ကတည်းက ကုလားများ၏ ဆန့်ကျင်တိုက်ခိုက်မှုများကိုခံရပြီး အစီအစဉ်ဖျက်ကာ ပြန်လာခဲ့ရသည်။
စစ်တွေမြို့နယ်အတွင်းရှိ ကုလားလူဦးရေရှိသော နေရာ (၁၈) နေရာအတွက် လ၀က၊ ရဲ ၊နှင့် အခြားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ဆယ့်ရှစ်ဖွဲ့ သွားရောက်ရာ၊ မနက်ပိုင်း အလုပ်စကတည်းက နေရာအသီးသီးရှိ ကုလားများ၏ တပြိုင်နက်တည်းဆန့်ကျင်မှုကို ခံရကြောင်း၊ တချို့နေရာများတွင် တာဝန်ထမ်းဆောင်နေသူများကို တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရသည်။
သက်ကယ်ပြင်ကျေးရွာတွင် ကုလားများ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိသွားသဖြင့် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းကြားသိရသော်လည်း ထိုသတင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်တွေမြို့တွင်း အောင်မင်္ဂလာ (ကုလား) ရပ်ကွက်တွင်လည်း မိသားစုအလိုက် ဓါတ်ပုံရိုက်ရန် စီစဉ်ပေးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကုလားလူမျိုးအား ကုလားများက ၀ိုင်းဝန်းရိုက်နှုက်ခဲ့ကြသည် ဟု ဆိုသည်။
ခိုးဝင် နှင့် နိုင်ငံမဲ့ ကုလားလူဦးရေထိန်းချုပ်မှုအတွက် ပထမဆုံးအဆင့်အဖြစ် လက်ရှိရောက်ရှိနေသော လူဦးရေးကို မှတ်တမ်းတင်နိုင်ရန် လုပ်ဆောင်မှုကို တစ်ပြိုင်နက်တည်း ဆန့်ကျင်မှုမှာ စနစ်တကျ အကွက်ချလုပ်ဆောင်မှုပုံစံ ဖြစ်သည် ဟု သုံးသပ်နေကြသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဤအဖြစ်အပျက်များ နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိနေသည်ကို ညွှန်ပြနေကြောင်း ယနေ့ နေ့လယ်ပိုင်းက ပြောကြားသွားသည်။
( Coral Arakan News အတွက် Wakker ရေးသားသည်။ )
ဓါတ်ပုံ ရည်ညွှန်းစာသား - ယနေ့ နံနက်ပိုင်း စစ်တွေမြို့နယ် ကုလားကျေးရွာတစ်ရွာမှ ကုလားလူငယ်များ လူဦးရေမှတ်တမ်းတင်ရေးအဖွဲ့ နှင့် မလှမ်းမကမ်းတွင် စုဝေးကာ မဖွယ်မရာ အမူအရာများ လုပ်ပြနေကြပုံ။
Posted From Coral Arakan News ၊ [ သတင်း ]

SHARE THIS