ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာ ကွယ်လွန်

Monday, April 8, 2013

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး စစ်ပြီးခေတ် ဗြိတိန်နိုင်ငံတွင်သာမကကမ္ဘာ့နိုင်ငံရေး
လောက၌ပါ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်သော မာဂရက်သက်ချာသည် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်
ကြောင်း သူ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးကဧပြီလ ၈ ရက်နေ့က ပြောကြားခဲ့သည်။

သက်ချာသည် ၁၉၇၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီးကိုယ်ရည်ကိုယ်သွေး
နှင့် နိုင်ငံရေးအရ မာကျောလွန်းသော ကြောင့် သူ့အား “သံမဏိအမျိုးသမီး” (Iron Lady) ဟု ခေါ်ဆိုကြသည်။
သက်ချာသည် ၂၀၀၂ ခုနှစ်၌
လေဖြတ်သွားခဲ့ပြီးနောက် လုပ်ငန်းတာဝန် အားလုံးမှ အနားယူခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း အကြိမ်ပေါင်း များစွာ လေဖြတ်ခြင်း ဝေဒနာကို ခံစားခဲ့ရ
သည်။ သူ၏ သက်တမ်း နောက်ဆုံးလများ တွင်လူမြင်ကွင်း၌ တွေ့ရခဲပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ အတွင်းက ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကျင်းပပေးသော သူ၏ အသက် ၈၅
နှစ်မြောက် မွေးနေ့ဧည့်ခံပွဲသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက သူ၏ မိတ်ဆွေဟောင်းဖြစ်သော ရော်နယ်ရီဂင်၏ ရုပ်ထုကိုလန်ဒန်၌ ဖွင့်ပွဲပြုလုပ်ရာသို့လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက သူ၏ ဆီးအိတ်မှ အကျိတ်တစ်ခုကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု ခံယူပြီးနောက် သက်ချာသည် ဆေးရုံ၌သာ ရှိနေခဲ့ခြင်းဖြစ်သည်။
Ref: CNN
EMG

Published with Blogger-droid v2.0.10

SHARE THIS