မဟာသင်္ကြန် ကာလတွင် ယာဉ်နှင့်လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက် တွင် ယာဉ်ကျပ်
တောင့်မှုများ မရှိစေရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှစတင်ကာ စမ်းသပ် မောင်းနှင် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊လမ်း/ တံတား ဌာနမှ သိရသည်။
''မဟာသင်္ကြန် ကာလမှာ စည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာ လမ်းတို့၊ ရန်ကုန်- ပြည်လမ်းတို့၊ရန်ကုန်- အင်းစိန် လမ်းတို့မှာ ယာဉ်ပိတ်ဆို့ မှုတွေ မဖြစ်အောင် ကြိုတင် ပြီးတော့ တံတားသစ်ကြီးကို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ အချောထည်ပိုင်း တွေ ကျန်ရှိ နေသေးတဲ့အတွက်ဖွင့်ပွဲကိုတော့ မေလ ပထမပတ်လောက် အတွင်းမှာ ဖွင့်လှစ် ပေးသွား မှာဖြစ်ပါတယ်။
ဒီတံတား သစ်ကြီးက ၂ဝ၁၂ ခုနှစ် မတ်လမှာ ပန္နက်ရိုက် ခဲ့တာ ဖြစ်တဲ့ အတွက် အခု ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှာ စတင် အသုံးပြုနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ကျန်ရှိနေတဲ့ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော် တွေလည်းပဲ အများပြည်သူတွေ အခုလိုပဲ မြန်မြန်ဆန်ဆန်အသုံးပြုနိုင် အောင် စိတ်လက် ချမ်းသာစွာ
သွားလာ နိုင်ရေးအတွက် ဆောင်ရွက်နေပြီ ဖြစ် သလို နောင်မှာလည်း မြေနီကုန်း လမ်းဆုံတို့၊ ရှစ်မိုင်လမ်းဆုံ တို့မှာ လည်း ဆက်လက်ပြီးတော့ ခုံးကျော် တံတားတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်''ဟ
ုရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မတီ၊ လမ်း/ တံတားဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင် က ပြောကြားသည်။
ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေးစီမံကိန်း မန်နေဂျာ ဦးအောင်နိုင်မြင့်က သတ်မှတ်ကာလ ထက်စော၍ အောင်မြင်စွာ တည်ဆောက် ပြီးစီးကာလှည်းတန်း ခုံးကျော် တံတားအား မြန်မြန်ဆန်ဆန် အသုံးပြု နိုင်သည်မှာ
ရန်ကုန်မြို့တော်နေ ပြည်သူများ နေ့စဉ်ရင်ဆိုင် နေရသည့် ယာဉ်ကြော ကျပ်တောင့်မှုများကို လျှော့ချနိုင်ရေး လုပ်ငန်း၏ တစ်စိတ် တစ်ဒေသ အောင်မြင်ခြင်းဟု ဆိုပါသည်။ အချောထည်
လုပ်ငန်းများ အပြီးသတ် နိုင်ရန်လည်း
တည်ဆောက်ရေး ကာလကဲ့သို့ပင် နေ့ည ဆောင်ရွက် နေသည်ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။
''သတ်မှတ်ကာလထက် စောစီးစွာ ပြီးစီးနိုင်အောင် ညပိုင်းကို တော်တော်များများ အချိန်ယူ ဆောင်ရွက် ခဲ့ရပါတယ်။ တံတားကြီးရဲ့ သံမဏိ သံပေါင်
တွေ တပ်ဆင်တဲ့ ကာလမှာ ညပိုင်းလိုင်း ကားတွေ ပိတ်သိမ်းတဲ့ ည ၁၁ နာရီဝန်းကျင်ကနေ မိုးလင်းပေါက် ညစဉ်
ဆောင်ရွက်ခဲ့ ရပါတယ်၊ ပြည်ပက ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အတွက်လည်း နည်းပညာ ပိုင်းဆိုင်ရာ အတွေ့အကြုံ ကောင်းတွေ ရရှိခဲ့ပါ တယ်'' ဟု စီမံကိန်း အင်ဂျင်နီယာဦးစိန်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။
တံတားကြီး ပြီးစီးသွားပြီး နောက်ပိုင်းတွင် တံတားတည်ဆောက်ရေး စီမံကိန်းတွင် ထပ်တိုး လုပ်ငန်းများ ပါရှိလာသည့်အတွက် ခန့်မှန်းထားသည်ထက် ပိုမိုလာမည့် ထပ်တိုး ကုန်ကျ ငွေများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသွားရန်ရှိသည်ဟုလည်း သိရသည်။ တံတားကြီးအား အသုံးပြုခွင့် ပေးသည့်အချိန်တွင် နာနတ်တောလမ်းဆုံ၌ မီးပွိုင့် ထားရှိခြင်း ရှိ၊မရှိနှင့် ပတ်သက်၍လည်းရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''ဒီအပိုင်းမှာလည်း ကျွန်တော်တို့ မြေပြင် ကွင်းဆင်းပြီး တော့ လေ့လာတွက်ချက်မှုတွေ လုပ်ထားတာ ရှိပါတယ်။ တံတားပေါ်က ဆင်းလာတဲ့ ကားတန်းကို နာနတ်တောလမ်း မီးပွိုင့်ဟာ
အဟန့်အတားဖြစ်၊ မဖြစ်ဆိုတာလည်း ကျွန်တော်တို့ သုံးသပ်
ဆုံးဖြတ်ပြီးမှဆောင်ရွက် မှာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ ဆောင်ရွက်မှုရဲ့ အဖြေဟာ ရန်ကုန်- ပြည်လမ်းကြီး တစ်လျှောက်မှာ ယာဉ်ကျပ် တောင့်မှုကို လျှော့ချ သွားဖို့ပါပဲ''ဟု ဖြေကြားသွားသည်။ ။
From : မြဝတီ