လုပ် လျင်ရေကြည်အိုင်ဟုနံမည်ကြီးသော စစ်ကြောရေးစခန်းမှာ ငရဲ ကျ သွားနိင် ပါ တယ်။ ရေကြည်အိုင်ဆိုတာက နိုင် ငံရေး သမားများနိုပ်စက်ခံနေရာ။နိုင်ငံရေးလုပ်ရမှာကို
ကြောက်ရွံသောခေတ်။ ဒီခေတ်မှာ နိင်ငံရေး လှုပ်ရှားမှုကြီး ကို ပထမဆုံးဦးဆောင်ခဲ့သူဟာ မိုးသီးဇွန်ဖြစ်ပါတယ်။
ညီငယ်များမသိရှိနိုင်ပါ။သူကဲ့သို့ လုပ်ဆောင်နိုင်သော သူမှာရှားပါးလှ တယ်။သူ့ကြောင့် မ.ဆ.လ ပြုတ်ကျခဲ့တာတော့အမှန်ပါဘဲဖြစ် ပါ တယ်။
သူကို ကျနော် ငယ်ငယ်ကတည်း က သိတယ်။ ကျနော်နဲ့ကကျောင်းနေဖက်သူငယ်ချင်း။
အချစ်ဆုံး သူငယ်ချင်းတွေပါ။ အလက ၂ သင်္ကန်းကျွန်း ။ယခု အထက ၂ ပါ။
ပထမတန်းကနေ ၈ တန်းအထိ အတူတူတက်ခဲတယ်။ သူစိတ်ဓါတ် ၊ သူသတ္တိက ငယ်စဉ်ကတည်းက
ပြလာတဲ့ကောင်ပါ။
ကျနော်တို့ ပဉ္စမတန်းမှာ မြန်မာစာသင်တဲ့ ဆရာကြီးဦးစောမောင်ဆိုတဲ့ဆ
၁၉၈၈ခုနှစ်မတိုင်မီကနိုင်ငံရေးလုပ်လျှင်ရာကြီးရှိတယ်။
သူကအ ရိုက်ကြမ်းတယ်။ တကျောင်းလုံးကြောက်ရတယ်။ တကယ်လူဂွစာဆရာကြီး။
မမှန်တာမလုပ်တဲ့သူ။ သူက လဲခေသူမဟုတ်။ လွတ်လပ်ရေးမော်ကွန်းဝန်ပထမအဆင့် စစ်ပြန်ကြီး။ ရိုးရိုးစစ်သားမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို အချုပ်ထဲမှာ ခန ဖမ်းချုပ်ခဲ့ဘူးတဲ့စစ်သားပါ။
ဗိုလ်ချုပ်တို့  ဖက်ဆစ် ကို တော် လှန်ဖို့ ဆုံးဖြတ်လိုက်ပြီးမဟာ
မိတ်တွေနဲ့ ပေါင်းဖို့ ဆုံးဖြတ်တဲ့ ကာလမှာသူကင်းစောင့်နေ တဲ့နေရာကို
ဗိုလ်ချုပ်က က အဖေါ်မပါပဲရောက်လာတယ်။ ဗိုလ်ချုပ်ကို
ဂျပန်စစ်ဗိုလ်မှတ်ပြီး စစ်သားလေးမောင်စောမောင်ကတပ်ဝင်းထဲဝင်ခွင့်မပေး။ အပြင်မှာ ဖမ်းချုပ်ထားလိုက်တယ်ဆိုတယ်။ ဗိုလ်ချုပ်က စစ်သေနာပတိဆိုတာ သူသိပေမဲ့ သူက ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဘူးဘူး ဆို တယ်။ နောက်မှာအတက်ကလူကြီးတွေကို သတင်းပို့ တော့မှာဗိုလ်ချုပ်မှန်းသိပြီး တပ်ဝင်းထဲ ကိုဝင် ခွင့်ပေးတယ်။
သူအထက်ကလူကြီးတွေက သူကိုဆူတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက
သူကိုချီးကြူးတယ်။ သူကို တာဝန်ကြေပြွန်တဲ့အတွက် သူကို
ဗိုလ်ခှုပ်လက်ရေးနဲ့ ချီးကြူးထားတဲ့စာလေးကိုရေးပေးခဲ့တယ်။ ဒီစာလေးကိုဆရာကြီးကသိမ်းထားတယ်။ ဇူလိုင် ၁၉ ရက်နေ့ ရောက်ရင် အာဇာနည်ေ န့  အကြောင်းပြောပြီး သူက ဒီစာလေးကို ကျနော်တို့ ကျောင်းသားတွေကိုထုတ်ပြလေ့ရှိပါတယ်။
တနေ့တော့  ဆရာကြီးက ဘာစိတ်ကူးပေါက်လာသလဲမသိပါ။ မင်းတို့ ကြီးလာရင်
ဘာလုပ်မ လဲလို့ မေးပါတယ်။ ကျနော်က စစ်သားလုပ်မယ်လို့ ဖြေလို်က်ပါတယ်။
တချို့ က ဆရာ ၀န်၊ တချို့ က အင်္ဂျနီယာ စဖြင့် ဖြေကြပါတယ်။
ဒီအချိန်မှာဆရာကြီးက ကျနော်ဘေးမှာထိုင်နေတဲ့ မိုးသီးဇွန် ကို
မင်းရောဘာလုပ်မလဲလို့ မေးပါတယ်။
ဒီအခါသူက ကုန်သည်လုပ်မယ်ဗျလို့ ဖြေလိုက်ပါတယ်။ သူများတွေအဖြေနဲ့ လုံးဝမတူဘူး။
ဒီအခါ မျိုးချစ်ပုဂိလ်ဆရာကြီးက အေးကွ။ မင်းဖြေတာကို ငါသဘောကျတယ်။
ကုန်သည်လုပ်ကြ။ ငါတို့ နိင်ငံကို နယ်ချဲ့  သွားတာ ကုန်သည်တွေကွ။
စီးပွားရေးအကြောင်းကို မင်းတို့ သိမှာ တိုင်းပြည်ကို အုပ်ချုပ်လို့ ရမယ်။ တိုးတက်အောင်လုပ်နိင်မယ်လို့  အကြံပေးပါတယ်။ ဆရာကြီးက မိုးသီးကိုချီးကြူးပါတယ်။ သူဘယ်ကနေ ဖတ်လာမှန်းမသိပါဘူး။ သူဟာအလကားနေရင်စာဖတ်တဲ့စာဂျပိုးတကောင်ပါ။
ကျနော်တို့ ဆရာကြီးစကားကို အမူမဲ့အမှတ်မဲ့နေခဲ့ကြတယ် ။ ၈တန်းမှာ
ကျနော်နဲ့ မိုးသီး ကွဲသွားပါတယ်။ သူကရှစ်တန်းကို သိပံနဲ့အေင်သွားတယ်။
နောက်၁၀တန်းအောင်သွားတယ်။
သူရှုပဒေဒအထူးပြုလေ့လာတယ်။ သူနဲ့ ကျန်ာပြန်ဆုံတဲ့အခါမှာတော့သူဟာ စီးပွားရေး စာအုပ်တွေကို စိတ်ဝင်တစားဖတ်ရှု့ လေ့ရိုတယ်။ နောက် ၁၉ ၈၈ ခုနစ်မှာ ကျောင်းသားလှုပ်ရှးမှုကြီးဖြစ်လာတယ်။ သူဟာခေါင်းဆောင်ဖြစ်လာတယ်။ နောက်တော့လက်နက်ကိုင်တောလှန်ရေးကိုဦးဆောင်သူတဦးဖြစ်လာတယ်။ ၁၉ ၈၉ ခုနစ်မှာထိုင်း အစိုးရက ဖမ်းပြီးသူကိုထောင်ချတဲ့အကြောင်း
တွေကို လေဒီယိုမှာကျနော်တို့ နားထောင်ရတယ်။ သူအတွက်စိတ်ပူမိတယ်။
နောက်တော့ထိုင်းအစိုးရက သူကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အမေရိကန်
ကိုသူထွက်သွားရတယ်။ စာပေလေ့လာမှုဝါသာနာကြီးတဲ့မိုးသီးဟာ အမေရိကန် တက္ကသို်လ်တခုမှာ မဟာဝိဇာပညာကိုလေ့လာခဲ့တယ်လို့ ကြားရတယ်။ သူရေးတဲ့စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေကို အဆက်မပြတ်ကျနော်အွန်လိုင်းပေါ်ကနေဖတ်ရတဲ့ ကျနော်ဖတ်ရတဲ့အခါမှာတော့သူဟာ
ဆရာကြီးဦးစောမောင်ကို ဖြေခဲ့အဖြေကို အလေးအနက်ထားနေတယ်ဆိုတာ
ကျနော်သိလာတော့တယ်။ မိုးသီးရော မင်းကိုနိင်ရော က ကျနော်တို့ 
ကျောင်းကပဲဖြစ်တယ်။ မင်းကိုနိင်ကအေးတယ်။ မိုးသီးက ထက် တယ်။ စွာတယ်။ သူက
ဆယ်တန်းကို ကျနော်တို့ ထက်စောအောင်သွားတဲ့အတွက် သူနဲ့ကွဲသွားတယ်။
ဆယ်တန်းဖြေမဲ့နစ်မှာကျနော်ဖခင်ကြီး ဆုံးသွားတဲ့အတွက် သားအကြီးဖြစ် တဲ့ကျနော်က မိသားစု တာဝန်ကို စတင်ယူလိုက်ရတယ်။ ပညာရေးနဲ့ကျနော်ဝေးသွားရတယ်။
သူမြန်မာပြည်ကို ပြန်ရောက်လာတော့ ကျနော်သွားတွေတယ်။ သူဟာ စိတ်ဓါတ်မပြောင်းလဲပါ။
ကျနော်တို့ ကို ခင်မင်လျက်ရှိတယ်။ သူငယ်ချင်းတွေနာမည်တွေကို သူအားလုံးမှတ်မိနေ တယ်။ လေး တန်းတုံးကသူငယ်ချင်းခင်မြတ်မော်ကိုသူတွေ့ တော့ခင်မြတ်မော်က နင်ငါကိုမှတ်မိမှမဟုတ်ဘူးလို့ ပြောတော့ မိုးသီးက နင်ခင်မြတ်မော်မဟုတ်လား။
နင့် ခွေးက ဗန်တိုလေးလို့  ပြောလိုက်တော့ရီကြရတယ်။ ငါခွေးမလေးနာမည်က
မေရီလေ လို့ သူ ကပြောတယ်။ သူက လူကိုတင်မက ခွေးနာမည်ကိုပါမှတ်မိနေတယ်လေ။
အွန်လိုင်းပေါ်မှာ တချိ့  ကလေးတွေက မိုးသီး ဟာ ဘယ်လိုလူလဲ။ ဘာတွေလုပ်ခဲ့သလဲဆိုတာကို သိပ်သိကြပုံမရဘူး။ သူကိုဝေဖန်ဆဲဆိုနေတာတွေတွေ့ ရတော့ စိတ်မကောင်းဖြစ်မိတယ်။ တကယ်တော့ကျနော်သူငယ်ချင်းဟာ ကျနော်တို့ ထက် စွန်စားရဲဝံသူ၊ စွန်လွတ်ခဲ့သူတဦးပါ။