မြောက်ကိုရီးယား ဒုံးကျည်အား ပစ်ချရန် ဂျပန် အမိန့် ချမှတ်မည်

ဂျပန်နိုင်ငံ၏ ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသည့် မြောက်ကိုရီးယား၏ မည်သည့် ဒုံးကျည်မျိုးကို မဆို ပစ်ချရန် လက်နက်ကိုင် တပ်ဖွဲ့များအား ဂျပန်အစိုးရက အမိန့် ချမှတ်သွားမည် ဖြစ်ကြောင်း ကျိုတို သတင်း ဌာနက ဧပြီ ၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အမိန့်အား ဂျပန် ကာကွယ်ရေး ဝန်ကြီး အီဆူနိုရီအိုနို ဒေရာက လာမည့် တစ်ရက်နှစ်ရက် အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူ လူထုအား သတိပေး ထုတ်ပြန်သွားမည် မဟုတ်ကြောင်း ဂျပန် အစိုးရ၏ ထုတ်ပြန်ချက်ကို ကျိုတို သတင်းဌာနက ကိုးကား ဖော်ပြခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံသည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော မြောက်ကိုရီးယား ဒုံးကျည် များအား ကြားဖြတ် ပစ်ချနိုင်ရန် အတွက် ပင်လယ်ပြင် အခြေစိုက် ဒုံးခွင်းဒုံး စနစ်များ တပ်ဆင်ထားသော Aegis ဖျက်သင်္ဘောများ ကိုလည်း ဂျပန်ပင်လယ် အတွင်းသို့ ဖြန့်ချသွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/Xp3Ou8

SHARE THIS