ငွေကျပ် ၁၅၀၀ တန်ဖုန်း Sim Card များ ရန်ကုန်တွင် မဲဖောက်ပေး

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ယနေ့တွင် အစိုးရမှ ရောင်းချပေးမည့် ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်း Sim Card များကို မဲနှိုက်စနစ် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဗိုလ်တထောင် မြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်တို့ရှိ ရပ်ကွက် ရုံးများတွင် ယနေ့ မဲနှိုက်စနစ် ကျင့်သုံး ခဲ့ကြသည်ကို တွေ့ ရပြီး တောင်ဥက္ကလာပ မြို့နယ် (၅)ရပ်ကွက် ရုံးအတွက် ပေါက်မဲ ၂၀၀ ရရှိကြောင်း သိရသည်။

ဖုန်း Sim Card မဲပေါက်သူ များသည် ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမှ သတ်မှတ်ပေး ထားသည့် မြန်မာ့ ဆက်သွယ်ရေး ရုံးများတွင် ငွေသွင်း၍ ၀ယ်ယူ ကြရမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

http://bit.ly/11H6bGY

SHARE THIS