ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဗလီ၊
လူနေအိမ်နှင့် ဈေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့်
ဥက္ကံရဲစခန်း(ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၄၀/၃၂၅/၃၂၆/၄၂၇/၁၁၄ နှင့်
(ပ)၁၁၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၃၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရှိရသည်။
အဆိုပါအမှုများကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည့် ပနီပင်ကျေးရွာမှ (၁၅)ဦးအား ၁-၅-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန်တွင်လည်းကောင်း၊
ဥက္ကံမြို့မှ (၃)ဦးအား ၀၅၅၀ အချိန်တွင်လည်းကောင်း၊ စုစုပေါင်း (၁၈)ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Thit Htoo Lwin blog