ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ပြိုကျသွားသည့် အဆောက်အအုံကြီး အောက်၌ (၁၇)ရက်ကြာ ပိတ်မိနေသည့် အမျိုးသမီး တစ်ဦးအား အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်လက ဒါကာမြို့တော်တွင် ဖြစ်ပွားသည့် (၈)ထပ် အဆောက်အအုံ ပြိုကျမှုအတွင်း လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့သော်လည်း အဆိုပါ အမျိုးသမီးမှာမူ ကံကောင်း ထောက်မစွာဖြင့် အပျက်အစီးများ အောက်တွင် မသေမပျောက် ဆက်လက် ရှင်သန်နေခဲ့သည်။
အဆောက်အအုံ နေရာဟောင်းမှ အပျက်အစီးများကို ဖယ်ရှားရင်း နေ့စဉ်နေ့တိုင်း အလောင်းများသာ သယ်ထုတ်နေရသည့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် အသက်ရှင်လျှက် လူတစ်ဦးကို ပြန်လည် တွေ့ရှိခဲ့သည့်နောက် တအံ့တဩ ဖြစ်ခဲ့ကြရသည်။
Read more http://www.planet.com.mm/news/