(သြဂုတ်လ ၂၂ ၊ မင်းပြား)
ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအား တနိုင်တပိုင်၊တစ်တပ်တစ်အား ကူညီကယ်ဆယ် ၊ ထောက်ပံ့ပေးနေသည့် ဇ-ဖောင်ဒေးရှင်းသို့  သြဂုတ်လ ၁၆ ရက်နေ့ က ရွှေပြည်တန်-မိသားစုမှ
ဒုတိယအကြိမ် ရေသန့် ဗှူးများ နှင့် အလှူငွေများအား မင်းပြား - ရွှေပြည်တန် ဆိပ်ကမ်း၌ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
``ပထမတစ်ကြိမ်က ရေသန့် ဗှူးသေး ၁၀၀၂ လုံး၊ ဒုတိယတစ်ကြိမ်က ရေသန့်  ဗှူး 1 လီတာ ၃၀၀၀ လာလှူပါတယ်...အလှူရှင်က စစ်တွေ၊ ရွှေပြည်တန် ရုံးချုပ်ကပါ´´ဟု လက်ခံရရှိသူ ဇ-ဖောင်ဒေးရှင်းမှ ကိုညီညီအောင်က လေးမြို့ သို့  ပြောကြားသည်။
ထို့ပြင် ရွှေ ပြည်တန်မှ ကိုသန့်ဇင်ဝင်းကလည်း အလှူငွေကျပ် တစ်သိန်းတိတိကိုလည်းကောင်း၊ လာရောက်လှူဒါန်းခဲ့ပြီး မင်းပြားမှ ကိုသိန်းထူး ဦးဆောင်သည့် ပြည်မြို့  မှ စေတနာရှင်များက လည်း ဆေးဝါးများကိုလည်းကောင်း
လာရောက်လှူဒါန်း လွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုအလှူပစ္စည်းများအား ဇ-ဖောင်ဒေးရှင်း၏ ကယ်ဆယ်ရေး ခရီးစဉ်များတွင် လိုအပ်သလို စီမံခန့် ခွဲ လှူဒါန်းသွားမည်ဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းသိန်းမောင်၏ ပြောကြားချက်အရ သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့  သတင်းမီဒီယာ) ����
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
စစ်တွေတွင် ပြုလုပ်သော အလိုတော်ပြည့် ရေဘေး ကယ်ဆယ်ရေး အဖွဲ့မှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်မှ အနုပညာရှင်များတက်ရောက်သြဂုတ်လ ၁၇ ရက်နေ
ရေကြီးမှုအတွင်း လူအသေအပျောက်အများဆုံးရှိခဲ့သည့် ဒေသသို့  ဇ-ဖောင်ဒေးရှင်းမှ သွားရောက်ကူညီထောက်ပံ့ (သြဂုတ်လ ၁၆ ရက်R
မင်းပြားမြို့၌ ရေကန်အတွင်း ရေညစ်များ စုပ်ထုတ်ရာမှ စတူပါ ကျောက်စေတီငယ် တစ်ဆူ တွေ့ရှိမင်းပြား (သြဂုတ်
အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီဆိုင်းဘုတ်ဖျက်ဆီးခံရစက်တင်ဘာ ၂၅ ရခို
ရခိုင်ဂီတအစည်းအရုံး(ယာယီ)မှ မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လာရောက် ကူညီထောက်ပံ့ မင်းပြား (သြဂုƛ
မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ ပါဝင်မှုမရှိဟုဆိုမြန်မာ့နိုင်ငံ&
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)